Jun
9th

Files under Tutorials | 1 Comment

Anyone can pls tell me a softwares that can reduce file size about 50MB to 10MB. Thanks alot :0

Apr
20th

Desktop ပေါ်က Wallapaper ကို ပိတ်ချင်လို့ပါ

Files under Tutorials | 4 Comments

ဒီလိုဗျာ ကျွန်တော် computer မှာ ကျွန်တော့ ညီက desktop ပေါ်မှာ ပုံကို တစ်ပုံပြီးတစ်ပုံ လာတင်တင်ဆော့နေတယ်ကွယ် မျက်စီအရမ်းရှုပ်တာပဲ ကျွန်တော်နေ့တိုင်းကို ပြန်ပြင်ထားရတယ်။ မောလှပြီးဗျာ။ အဲဒါကို ဘယ်လိုပိတ်ရမလဲ၊ ပြီးတော့      Set as desktop backgroud ဆိုတာကိုလည်း ပိတ်ချင်ပါတယ် ကူညီဖြေရှင်းပေးပါအုံးလို့မေတ္တာရပ်ခံပါတယ်

Apr
5th

Portable Ubuntu

Photo credit: Lifehacker.com

Photo credit: Lifehacker.com

Windows အတွက် သီးသန့် Portable Ubuntu Operating System ပါ။ Windows System အတွင်းမှာပဲ  ဖိုင်တွေ သိမ်းလို့/ဖွင့်လို့ ရမယ်။ ဒါနဲ့မှ မကျေနပ်သေးရင်၊ နေရာ ပိုမိုဝင်ဆန့်တဲ့ Thumb Drive ထဲမှာ သွင်းပြီး လည်းအသုံးပြုလို့ရပါတယ်။    သူငယ်ချင်းတွေရဲ့ စက်ထဲမှာ ကိုယ့်စိတ်ကြိုက်ဖြစ်မယ့် Setting တွေ ပြောင်းလို့ စကားများရတဲ့အခါတွေ ရှိတယ်ဗျ။ မိမိရဲ့ Ubuntu Thumb Drive ကို ယူသွားမယ်။ သူငယ်ချင်းရဲ့ စက်ထဲကို Ubuntu portable သွင်းထားတဲ့ Thumb Drive ကို တပ်လိုက်မယ်။ ဝင်းဒိုးပေါ်မှာပဲ Ubuntu Gnome-based Version ရဲ့ desktop Menu Bar ပေါ်လာမယ်။ ပြီးတော့ ဇော်ဂျီမသွင်းထားတဲ့ စက်ကနေ Web Browsing လုပ်ရတာ အဆင်ပြေသွားမယ်။ မိမိရဲ့ Ubuntu portable ထဲမှာ ဇော်ဂျီ ကီးဘုတ်သွင်းပြီးထား ဆိုရင် ubuntu ထဲက firefox 3.1 ကိုသုံးမယ်။ (အကယ်လို့ ပိုင်ရှင်ကသွင်းထားရင် Windows မှာလည်း firefox ရှိမယ်။) ကျနော်တို့လို အလုပ်ကနေ ဇော်ဂျီဖောင့် မမြင်ရတဲ့ လူတွေအတွက်တော့ အရမ်း အဆင်ပြေတာပေါ့ဗျာ။

Photo Credit: sourceforge.net

အလုပ်လုပ်ပုံ ကတော့ Ubuntu Gnome-based နဲ့ အတူတူပဲ ဖြစ်နေလို့ အထွေအထူး မရေးတော့ဘူး။ ထူးခြားချက်ကတော့ ကျနော်တို့  မြန်မာပြည်သားတွေလို ဆိုင်ဘာကဖေး ကနေ အင်တာနက်ကို အဓိက  အသုံးပြုသူတွေအတွက်တော့ လုံခြုံရေး တော်တော် ကောင်းသွားမယ်ဗျ။  ဥပမာ။ ။ ဆိုင်က firefox browser ကနေ ဂျီတော့ ဝင်ရင် ယူဇာနိမ်း၊ password ရိုက်နေရမယ်။ အဲ မိမိရဲ့ portable Ubuntu ထဲက firefox ကိုဖွင့်မယ်။ ကိုယ်က cookies တွေ၊ bookmark တွေ မဖျက်ပဲထားတယ်။ remember password ပါနှိပ်ထားမယ် ဆိုရင်၊ ဘာမှကို ကီးဘုတ်ကနေ ရိုက်ထည့်စရာမလိုတော့ဘူး။ Ubuntu Menu Bar ပေါ်က firefox ကိုဖွင့်ပြီး bookmark ထဲက ဂျီမေးလင့်ကို နှိပ်လိုက်ယုံနဲ့ user နှင့် password save လုပ်ထားရင် အလိုအလျောက် sign in ဖြစ်သွားလိမ့်မယ်။

ခြုံပြောရရင် သူက Wubi လို windows မှာ သွင်းမှ သုံးလို့ ရတဲ့ program မဟုတ်ဘူး။ Thumb Drive အထဲမှာပဲ ရာနှူန်းပြည့် အလုပ်လုပ်သွားတဲ့ portable program လေးပါ။  2G လောက်ရှိတဲ့ Thumb Drive တစ်ခုရှိတာနဲ့ ကိုယ့်စိတ်ကြိုက် Settings နဲ့ Ubuntu Operating System တစ်ခု ပိုင်ဆိုင်နိုင်ပါပြီ။

ဖိုင်ဒေါင်းဖို့ အတွက် အောက်ကလင့်ကိုသွားကြပါ။

http://portableubuntu.sourceforge.net/

ကိုးကား။ ။ lifehacker.com

Feb
11th

ဓာတ်ပုံကို အွန်လိုင်းမှာ တစ်ခါတည်း တည်းဖြတ်ချင်သလား

Files under new stuff | Leave a Comment

“ကျွန်တော့်ဓာတ်ပုံကို ကျွန်တော့် ကောင်မလေးက တောင်းနေတယ်ဗျ။ အဲဒါ ကျွန်တော်ဓာတ်ပုံက မှောင်နေတယ်။ သိပ်ကြည့်မကောင်းဘူး ဖြစ်နေတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ ချစ်သူဆီကို ဓာတ်ပုံလှလှလေးပဲ ပို့ချင်တယ်ဗျာ” လို့ ကျွန်တော့်ကို ပြောတော့ အလွယ်တကူပဲ photoshop သုံးဖို့ ပြောလိုက်သည်။
“ကျွန်တော်က ဆိုက်ဘာကဖေးမှာ သုံးတာဆိုတော့ photoshop ဘယ်ရှိမလဲဗျ၊ Online မှာ တစ်ခါတည်း ပြင်လို့ရတဲ့ဟာ မရှိဘူးလား” လို့ ဆိုလာပြန်တော့ ကျွန်တော် ခေါင်းစားရပြီ။
ဒီလိုနဲ့ ဟိုရှာဒီရှာ လျောက်ရှာရင်း www.fotoflexer.com ဆိုတာလေး သွားတွေ့သည်။ ကိုယ်တည်းဖြတ်လိုသော ဓာတ်ပုံကို တင်ပြီး တည်းဖြတ်နိုင်သည်။ ဓာတ်ပုံတည်းဖြတ်သော နည်းပညာများ တော်တော်စုံစုံပါတာ တွေ့ရသည်။ အလင်းအမှောင် ချိန်တာကအစ၊ effect တွေ အဆုံးပါသည်။ ကော်နက်ရှင် ကောင်းလျှင် ပိုပြီး သုံးလို့ ကောင်းနိုင်ပါသည်။
“ခုမှပဲ အဆင်ပြေသွားတော့တယ် အကိုရာ ကျွန်တော့် အသား မည်းနေတာတွေ၊ အမာရွတ်ကလေးတွေ၊ မှောင်နေတာတွေက အစ ပြင်လို့ရတယ်နော်။ ကျွန်တော့် ကောင်မလေး တွေ့ရင်တော့ ကြွေသွားမှာ သေချာတယ်”
“အေးကွ … ငါတောင် မင်းဓာတ်ပုံကို မြင်ရင် မင်းမှန်း သိမှာမဟုတ်တော့ဘူး” ဆိုတော့ ကောင်လေးက တော်တော် သဘောကျသွားသည်။

မောင်ပီဇီ (MYSTERY ZILLION)

Feb
5th

Gmail adress မကျန်ခဲ့အောင်

Files under internet | 1 Comment

ကျွန်တော်တို့ Gtalk သုံးပြီးရင် sing out ထွက်တော့ ကိုယ့် Gmail address တွေ
ကျန်နေခဲ့တယ်။sing out ထွက်ပြီးတော့ Gtalk ကို ပြန်ဖွင့်ကြည့်တော့ ကိုယ့် Gmail
address ကပြန်ပေါ်နေတယ်။အဲဒါကို ပြန်မပေါ်အောင် ကိုယ့် Gmail address ကို
သူများတွေမမြင်အောင် Registry ထဲကနေ ဒီလိုဖျက်လို့ရပါတယ်။

1.click ->start ->run
2 type regedit in it
3.folder 5 ခုထဲက HKEY_CURRENT_USER ၇ဲ့ + ကို click
4.click->SOFTWARE ရဲ့ + ကို click
5.click->Google + ကို click
6.click->Gtalk + ကို click
7.click->Accounts + ကို click
လိုက်ရင် မိမိအကောက်နာမည်ကိုတွေ့မယ်။ အဲဒါကို right click ->deleteလုပ်လိုက်…
ဒါဆိုရင် နောက်တစ်ခါ ဂျီတော့ကို ဖွင့်လိုက်ရင် မိမိအကောက်နာမည်မပေါ်တော့ပါ။

Feb
4th

List.it

Files under new stuff | Leave a Comment

စာရွက်တိုလေးတွေကို ဟိုကပ်ဒီကပ်၊ လိပ်စာကဒ်တွေကလဲ ဒုနဲ့ဒေး၊ လုပ်စရာအလုပ်တွေကို ချရေးထားတဲ့ စာရွက်တွေကလည်း တစ်ပုံတစ်ပင်ဖြစ်နေသူတွေ အတွက် MIT က ကွန်ပျူတာသိပ္ပံ ပရော်ဖက်ဆာ တစ်ယောက်က ခြေလှမ်းသစ်တစ်ခုကို အောင်မြင်စွာ ချနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ MIT ရဲ့ ကွန်ပျူတာသိပ္ပံနဲ့ အေအိုင်စမ်းသပ် ဌာနက ဒေးဗစ်ကာဂါဆိုတဲ့ ဂုရုတစ်ယောက်က List.it ဆိုတဲ့ ရိုးရိုးရှင်းရှင်း ပရိုဂရမ်လေးတစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒီပရိုဂရမ်လေးက အင်မတန်ရိုးရှင်းပါတယ်။ အီးမေးလ် လိပ်စာတွေ၊ ဝက်(ဘ်)ဆိုက် လိပ်စာတွေ၊ ဈေးဝယ်ဖို့ စာရင်းတွေက အစ ဘယ်လို အတိုအစ အချက်အလက် တွေကိုမဆို အဲဒီ Program လေးနဲ့ သိမ်းထားနိုင်ပါတယ်။ list.it က အသုံးပြုသူ ယူဆာတွေကို စာကြောင်းတိုလေးတွေကို သိမ်းဆည်းပေးနိုင်သလို အလွယ်တကူ ပြန်ရှာလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။

List.it လို့ခေါ်တဲ့ Program လေးဟာ အသုံးပြုသူတွေ အနေနဲ့ အချက်အလက်တွေကို ဘယ်လိုဖွဲ့စည်း တည်ဆောက် လေ့ရှိသလဲ၊ ဘယ်လိုအချက်အလက် အမျိုးအစားတွေကို သိမ်းလေ့ရှိ သလဲ၊ စာရင်းပြုစုလေ့ရှိသလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီး ဖန်တီးထားပါတယ်။ အချိန်ကုန် သက်သာစေသလို၊ စာရွက်စာတမ်းတွေ သိမ်းဆည်းရတဲ့ ဒုက္ခကိုလည်း ငြိမ်းစေပါတယ်။ Firefox Browser ရဲ့ Sidebar တစ်ခုအနေနဲ့ သုံးနိုင်သလို၊ Hot key တွေ သတ်မှတ်ပြီးလည်း အလွယ်တကူ ပိတ်လို့ ဖွင့်လို့ ရပါတယ်။ အဲဒါတွေအပြင် အမြန်ရိုက် ထည့်လို့ရတဲ့ quick input box ကလည်း အသုံးပြုသူတွေ သိမ်းချင်တဲ့ အချက်အလက်တွေကို ချက်ချင်းသိမ်းလို့ ရအောင် စီစဉ်ပေးထား ပါတယ်။ ကိုယ်ရေးထားတဲ့ အချက်အလက်တွေကို သိမ်းထားချင်တယ်၊ Back up လုပ်ထားချင်တယ် ဆိုရင်လည်း Synching feature ကို အသုံးပြုပြီး list.it က Online Storage မှာ Log in လုပ်ပြီး သိမ်းထားလို့ ရပါတယ်။ အဲဒီ feature က list.it သွင်းထားတဲ့ မည်သည့် ကွန်ပျူတာမှာမဆို ကိုယ့် အချက်အလက်တွေကို ခေါ်သုံးလို့ ရနိုင်ပါတယ်။ အဲဒီလိုသုံးဖို့ အတွက်တော့ အင်တာနက် ကော်နက်ရှင် ရှိဖို့လိုပါမယ်။

စမ်းသပ်ကြည့်ချင်တယ် ဆိုရင်တော့ http://groups.csail.mit.edu/haystack/listit/ မှာ Register လုပ်ပြီး စမ်းသပ်နိုင်ပါတယ်။

မောင်ပီဇီ (MYSTERY ZILLION)
Reference : MIT Professor Creates Software To Organize the Details of Everyday Life

Jan
25th

RUN COMMANDS IN XP

Files under WindowsXP | 4 Comments

အောက်က command တွေကတော့ ကျွန်တော်သိသလောက်ပေါ့ . ကျန်တာတွေလဲရှိရင်ရှိမှာပါ.. အဲဒါလေးတွေ အလွတ်ရသွားရင် ဘာဖြစ်လဲဆိုတော့ အချိန်ကုန်သက်သက်သာသာ နဲ့ Windows Xp ထဲကကိုသွားချင်တဲ့ နေရာကို အမြန်ဆုံး ရောက်နိုင်ပါတယ်.. သိတဲ့သူတွေရှိသလို မသိသေးတဲ့ လူတွေအတွက် ကိုအဓိကထား တင်ပေးလိုက်ပါတယ်… မြန်မာနိုင် ငံရဲ့ နည်းပညာပိုင်း တိုးတက်လာနိုင်ပါစေ.. :D

Accessibility Controls
access.cpl

Add Hardware Wizard
hdwwiz.cpl

Add/Remove Programs
appwiz.cpl

Administrative Tools
control admintools

Automatic Updates
wuaucpl.cpl

Bluetooth Transfer Wizard
fsquirt

Calculator
calc

Certificate Manager
certmgr.msc

Character Map
charmap

Check Disk Utility
chkdsk

Clipboard Viewer
clipbrd
(more…)

Jan
22nd

Wordpress Jobs

Files under internet | Leave a Comment

Do you want to apply job at wordpress?

Go to this link http://jobs.wordpress.net and find New Job

(Remark: Only ForJobless  Foreigners)

Hee Hee

Nov
14th

Window Start Up in 10 seconds

Files under Solutions, WindowsXP | 6 Comments

Window ကို ၁၀ စက္ကန့်အတွင်း Start Up ဖြစ်ချင်ပါလား ။ ဖြစ်ချင်မယ်လို့ထင်ပါတယ်။ ဖြစ်အောင်လည်းလုပ်လို့ရပါတယ်။

ကဲ ပထမဦးဆုံး Command Box ကိုခေါ်ပြီး regedit လို့ရိုက်လိုက်ပါ။

ပြီးရင် HKEY_LOACAL_MECHINE\SYSTEM\CurrentControlSet\Contr ol\ContentIndex အဲဒီကို သွားပါ။

ရောက်သွားရင် “Startup Delay” ဆိုတဲ့ Key ကိုရှာပါ။

တွေ့ရင် Doubel Click နှိပ်ပြီး သူ့ရဲ့ Default Value Default Value ” 4800000 (75300:hexadecimal) ” ကို
40000 လို့ပြောင်းလိုက်ပါ။

ပြီးရင်တော့ Registery Editor ကိုပိတ်ပြီး စက်ကို Restart ချလိုက်ပါ။

:-D

Oct
5th

IPv4 and IPv6

Files under WindowsXP, internet | 1 Comment

IPv4 နဲ့ IPv6 ကို နှိုင်းယှဉ်ဖော်ပြထားတာပါ။ အခုဆိုရင် IPv4 နဲ့ပေးထားတဲ့ public address တွေက မကြာမီ အချိန်တွင်းမှာ ကုန်တော့မှာဖြစ်ပါတယ်။

What is Internet Protocol?

Internet Protocol is a set of technical

rules that defines how computers communicate

over a network. There are

currently two versions: IP version 4 (IPv4)

and IP version 6 (IPv6).

What is IPv4?

IPv4 was the first version of Internet

Protocol to be widely used, and still

accounts for most of today’s Internet

traffic. There are just over 4 billion IPv4

addresses. While that is a lot of IP addresses,

it is not enough to last forever.

What is IPv6?

IPv6 is a replacement for IPv4. It was

deployed in 1999 and provides far

more IP addresses, which should meet

the need well into the future.

(more…)