Sep
17th

ဟားဟား ဦးနီ

Files under OpenXnews | 3 Comments

တနေ့ကအလုပ်မအားတဲ့ ကြားထဲ သူငယ်ချင်းတစ်ယောက်က အွန်လိုင်းမှာတဲ့ တခြားဘယ်သူမှ မတွေ့လို့တဲ့ ကျွန်တော့်ကို သူအစမ်းရေးနေတဲ့ program လေးစမ်းပေးပါဆိုလို့ စမ်းပေးလိုက်ရသေးတယ်။ မနေ့ကတော့ Live လွှင့်လိုက်ပြီဖြစ်လို့ ကြောငြာလိုက်ဝင်နေတာနဲ့ ကျွန်တော်လဲ အများသူငါ အကြိုးများစေဖို့ သတင်းကောင်းလေး မျှလိုက်ပါဦးမယ်။

ဟုတ်ကဲ့ နာမည်က ဟားဟားဦးနီပါတဲ့။ (မရီနဲ့နော်)။  လောလောဆယ်တော့ (Beta Version) ဘဲရှိပါသေးတယ်။ ဂူးဂဲကိုအားကျလို့ ဘီတာတပ်ထားတာလားမသိ။ သူကဘာတွေလုပ်ပေးလဲဆိုတော့ အဓိကကတော့ မြန်မာယူနီကုဒ် ဖောင့်တွေ စက်ထဲမရှိရင် ယူနီကုဒ်နဲ့ ရေးထားတဲ့ ဆိုဒ်တွေကြည့်ရတာ အဆင်မပြေပါဘူး။ ဒီတော့ သူ့ ပရိုဂရမ်လေးကနေ တဆင့်သွားရင် ယူနီကုဒ်တွေကို သူက ဇော်ဂျီဖောင့်ကို ပြောင်းတယ်ခင်ဗျ။ နေဦး သူပြောတဲ့ အတိုင်း ကူးပေးလိုက်မယ်။

my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome နဲ့မှ မြန်မြန်ဆန်ဆန်ကြည့်လို့ရမှာပါ။ site က javascript တွေ သုံးထားတာ များလို့ပါ။ အခုလက်ရှိမှာတော့ chrome ကသာ javascript တွေကို မြန်မြန်နဲ့အလုပ်လုပ်နိုင်လို့ပါ။ လိပ်စာကတော့ hahauni.zawgyi.info ပါ။

ဒီမှာပေါ့ဗျာ။ ခုတလော ၀က်ဝက်ကွဲနာမည်ကြီးနေတဲ့ မြန်မာဝီကီပေါ့ သူ့ကို စိတ်ဝင်စားလို့ သွားကြည့်လိုက်တော့လေ ကိုယ့်မှာက ယူနီကုဒ်ဖောင့် မရှိတော့ ဘာမှ မမြင်ရဘဲ နောက်ပြန်ဆုတ်လာရတဲ့လူတွေ တော်တော်များကြပါတယ်။ မြန်မာယူနီကုဒ်ကြတော့လဲ တော်တော်များများ ကြားဘူးတာက သွင်းမရဘူးလိုလို သုံးရတာခက်သလိုလို အဲဂလိုမျိုးအသံတွေ ကြားထားရတော့ လူတွေကလဲ ယူနီကုဒ်ဆို ဝေးဝေးရှောင်နေကြတယ်။ အဆင်ပြေတော့မှဘဲ သုံးကြတော့မယ်ဟေ့လို့ ပြောတဲ့လူကလဲ ပြောကြတယ်ပေါ့။

ခုပရိဂရမ်လေးက အဲဒီလို မြန်မာများ အားလုံးနဲ့ သက်ဆိုင်တဲ့ မြန်မာဝီကီကို လူတွေစိတ်ဝင်စားလာအောင် သုံးဖြစ်အောင် ကြိုးစားထားတာဖြစ်ပါတယ်။ ခုပုံမှာပြထားတဲ့ အတိုင်း ဟားဟား ဦးနီကို သုံးပြီး ၀င်လိုက်မယ်ဆိုရင်တော့ ယူနီကုဒ်သုံးထားတဲ့ ဆိုဒ်တွေကို ဇော်ဂျီဖောင့်တွေနဲ့ မြင်ရမှာ ဖြစ်ပါကြောင်း။ နောက်ပြီး ၀ီကီတစ်ခုထဲမှ မဟုတ်ပါဘူး တချို့ ဘလော့ကာများလဲ တစ်နေ့တော့ ယူနီကုဒ်ကို ပြောင်းသုံးရမည့် အတူတူဆိုပြီး သူတို့ရဲ့ ဘလော့များမှာ ယူနီကုဒ်ကို စတင်သုံးစွဲနေကြပါပြီ။ သူတို့ကတော့ လာဖတ်သူများ အဆင်ပြေအောင်ဆိုပြီး သူတို့ ဘလော့များမှာဘဲ ဖောင့် ပြောင်းကြည့်လို့ရတဲ့ စနစ်လေးကို ထည့်သွင်းထားကြပါတယ်။

ဟဲဟဲ နောက်တစ်ခု ထပ်ပြီး သုံးလို့ရတာက သူက proxy program လေးတစ်ခုကို ပြုပြင်ထားတာ ဆိုတော့ ကျွန်တော်တို့ ဘန်းကျော်ကိစ္စတွေမှာလဲ သုံးလို့ ရတယ်လို့။ ဒါကတော့ တရားဝင်ပြောပါဘူး။ မသိမသာ နည်းပေးတာပါ။

Sep
13th

Megadownload.net

Files under Hacking, OpenXnews | 1 Comment

ကျွန်တော် software တွေကိုရှာရင် search engine တွေကနေရှာတာများပါတယ်။ Internet ထဲမှာ search engine ပေါင်းများစွာ ရှိပါတယ် အဲဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ MEGADOWNLOAD ဆိုတဲ့ search engine ပဲဖြစ်ပါတယ်။ သူက rapidshare နဲ့ megaupload က files တွေကိုရှာဖွေပေးပါတယ်။ သက်သက်စီလဲ ရှာလို့ရနိုင်ပါတယ်။ သူကတခြား search engine တွေလိုမဟုတ်ပဲ rar files တွေမှာ password ခံထားတာတွေကို ရှာဖွေလို့ရနိုင်ပါတယ်။ကျွန်တော်ဘယ်လို ရှာလို့ရလဲဆိုတာတွေကို ပုံနှင့်တကွ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပထမဦးစွာ www.megadownload.net လို့ရိုက်လိုက်ပါ။

ကျွန်တော်ဥပမာအနေနဲ့ video converter လို့ရိုက်ပြီး ရှာပါမယ်။

ပြီးရင် ကိုလိုချင်တာတွေ့ရင် အဲဒီနေရာရဲ့ ဘေးအစွန်းမှာ Download ဆိုတာတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ ။

ပြီးရင် နောက်ထပ် Donwload ဆိုတာပေါ်လာရင် download လုပ်လိုက်ပါ ။ rapidashare ကနေ download လုပ်ရုံပါပဲ။

တစ်ခါတစ်လေကြရင် ကိုယ်ဒေါင်းလိုက်တဲ့ Rar Files တွေမှာ password ခံထားတာတွေ ဖြစ်တတ်ပါတယ် ။ အဲဒီ password တွေကို ရှာရတာ အရမ်းကို လွယ်ကူပါတယ်။အောက်ကပုံမှာကြည့်ပါ။

May
31st

Admin ခဏအနားယူ

Files under OpenXnews | 3 Comments

internet ဆက်သွယ်မှုပြတ်တောက်မှုကြောင့် MMOPENXTEAM Admin သည် ခဏ တဖြုတ် (အင်တာနက် ပြန်မရမခြင်း) ဝင်ရောက်နိုင်ခြင်းရှိမည်မဟုတ်သေးပါ။ သို့သော်လည်းပဲ post များကို မည်သူမဆို ရေးသားနိုင်ပါသည်။

Apr
28th

EA’s UEFA EURO 2008

Files under OpenXnews | Leave a Comment

ဘောလုံးပွဲတွေ အရှိန်တက်တဲ့ ကာလမှာ ကွန်ပျူတာသမား တွေအတွက် ရောဂါ မသေရအောင် EA က UEFA Euro 2008 ကို ထုတ်ပေး လိုက်ပါတယ်။ လာမယ့် သြစတီးယား - ဆွစ်ဇာလန်မှာ ကျင်းပမဲ့ ဒီလေးနှစ်တစ်ခါ ဘောပွဲကြီးကို အပြင်မှာ အတိုင်း Simulate လုပ်ထားတဲ့ ဂိမ်းပါ။ Fifa 2008 ရဲ့ နောက်ဆုံးပေါ် အင်ဂျင်ကို သုံးထားတယ် ဆိုပေမယ့် Fifa 08 လောက် ကစားရတာတွေ မခက်ပါဘူး။ ဥပမာ - ပရိသတ်က ကန့်ကွက်ကြတဲ့ ဘောလုံးမျှောထိုးတဲ့ ခလုတ် (တြိဂံ ခလုတ်) ကို အကြာကြီးဖိပြီး အားအတိုး အလျှော့ ချိန်ညှိရတဲ့ ကိစ္စတွေ မရှိတော့ပါဘူး။ 2008 မှာ PES 08 နှင့် Fifa 08 တို့ အားပြိုင် နေခဲ့ကြတာ ကြာပါပြီ။ ဟောဒီ နောက်ဆုံး ထွက်လာတဲ့ Euro 2008 ကတော့ ရာသီစာလို့ ဆိုရလောက်အောင် အချိန်ကိုက် လုပ်ပေးထားတာပါ။ ဒါဟာ ပထမဆုံးတော့လည်း မဟုတ်ပါဘူး။ EA က အဲ့လို ပွဲလမ်းသဘင်၊ ပြိုင်ပွဲကြီးတွေအတွက် အထူးထုတ်ပေးတဲ့ ဂိမ်းတွေရှိခဲ့ပါတယ်။ World Cup လိုမျိုးပေါ့။ နည်းပညာပိုင်း အရ ပြောရရင် ကွန်ပျူတာ လိုအပ်ချက် အရလည်း သိပ်မမြင့်ပါဘူး။ ကျွန်တော့် လက်ပတော့ မှာပါတဲ့ Onboard VGA GMA 950 နှင့်တောင် ကစားလို့ ရတယ်ဆိုတော့၊ ဂိမ်မာ တော်တော် များများလည်း အေးဆေး ကစားနိုင်မှာပါ။ ကလပ်အသင်းတွေ မပါလို့ ပျင်းစရာ ကောင်းတယ် မထင်ပါနှင့်။ သူ့ရဲ့ Campaign စနစ်ဟာ အင်မတန် ကစားလို့ ကောင်းပါတယ်။ Points စနစ်တွေ သုံးထားတဲ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းပြီး၊ စည်းကမ်း သတ်မှတ်ချက် အသစ်( လူကျွံဘော၊ ဖောင်း၊ ဂိုးပေးခံရ စတာတွေ) တွေက သင့်အမှတ်တွေကို နုတ်ယူမှာ ဖြစ်လို့ သတိထား ဆော့ရမဲ့ ဘောလုံး ဂိမ်း၁ခုပါပဲ။

Gamepad ၁စုံတော့ ၀ယ်ထားဖို့လိုမယ်။ သူငယ်ချင်းတွေပါ ခေါ်ကစားပေါ့ဗျာ။

- WaiPK

Dec
21st

PHP Image Gallery Part III

Files under OpenXnews, PHP | 1 Comment

ဒီတစ်ခါ ဆက်တည်ဆောက်ရမယ့် အပိုင်းက admin အပိုင်းပါ။ ရိုးရိုးရှင်းရှင် admin login နဲ့ admin panel ထဲကို ၀င်နိုင်ပါတယ်။

ဒီနေရာကနေ စမ်းသပ်နိုင်ပါတယ် Admin Panel


$errMsg = '';
if (isset($_POST['txtUserid'])) {
if ($_POST['txtUserid'] == 'bigbadwolf'
&& $_POST['txtUserpw'] == 'huffnpuff') {

$_SESSION['isLogin'] = true;
header('Location: index.php?page=list-album');
exit;
} else {
$errMsg = "Wrong Id/Password";
}
}

အဓိက အလုပ်လုပ်တဲ့ အပိုင်းက အဲဒီအပိုင်းပါပဲ။ userid = bigbadwolf ဖြစ်မယ် password က huffnpuff ဖြစ်မယ်ဆိုရင် $_SESSION['isLogin'] = true ဖြစ်မယ် … အဲဒီလိုဆိုရင် Album List ကို ၀င်လို့ရပါပြီ …

(more…)

Dec
9th

mmopenXteam.com for all

Files under OpenXnews | 5 Comments

ကျွန်တော်တို့ mmopenXteam ကို စတင်လိုက်ပါပြီ။ အဓိကအားဖြင့်

  • မြန်မာလို ရေးသားထားသော tutorials များ မျှဝေနိုင်ရန်
  • Ready-made Scripts များ မျှဝေနိုင်ရန်
  • Problem Solutions မျှား မျှဝေနိုင်ရန်

ကျွန်တော်တို့ ဆိုက်ဟာ ပညာရေး အတွက် အဓိက ရည်ရွယ်ထားတဲ့ အတွက် နိုင်ငံရေးနှင့် ပတ်သက်သော၊ ဆိုက်၏ ရည်ရွယ်ချက်နှင့် မဆိုင်သော Post များကို မတင်ဖို့ တောင်းပန်အပ် ပါတယ်ခင်ဗျား ….