ကျွန်တော် စမ်းသပ်ကြည့်မိတဲ့ Search Engine တစ်ခုပါ။ တော်တော်လေးတော့ မြန်တယ်ဗျ။ နောက်ပြီး Present လုပ်တဲ့ ပုံစံလေးက မိုက်တယ်ဗျ။ Cuil ဆိုတာ အိုင်းရစ် စကားတဲ့ Knowledge ဆိုပဲ။ သူ့ အပြောအရတော့ google ထက် သုံးဆမြန်ပြီး Microsoft ထက် ဆယ်ဆမြန်တယ်ဆိုပဲဗျ။ ဒီမှာ သွားဖတ်ကြည့်ပါဗျာ … Search Engine ကို စမ်းချင်တယ်ဆိုရင်တော့ …
Cuil Search Engine
Posted by phpcrazy |
2 Comments »
ကျွန်တော်တို့ အနေနဲ့ ကိုယ်တည်ဆောက်ထားတဲ့ Web Site တွေကို ခုရော နောက်ရော သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ စက်တွေကို မကြာခဏ Defrag ချပေးသလိုပေါ့ဗျာ။ ကိုယ့် Site ကို ကိုယ် ဘယ်လို check လုပ်မလဲဆိုတာနဲ့ ပါတ်သက်ပြီး လျောက် ဖတ်ကြည့်တော့ online tools (၁၀) ခုရှိပါတယ်တဲ့။ အဲဒီလို check လုပ်ပြီး ကိုယ့်ဆိုက်ကို ပြုပြင်လိုက်မယ် ဆိုရင် Performance (စွမ်းဆောင်ရည်)၊ accessibility (သုံးစွဲရလွယ်ကူမှု)၊ compatibility (သုံးစွဲရ အဆင်ပြေမှု) စတာတွေ တိုးလာမယ်ဆိုပါတယ်။ ၀က်သမားတွေ အတွက် မရှိမဖြစ် အချက် (၁၀) ချက်ပေါ့ဗျာ။
(more…)
Posted by phpcrazy |
5 Comments »
အခြေခံကျကျလေးတွေနဲ့ လူတကာဖတ်ရ လွယ်ကူအောင် မြန်မာလိုရေးသားထားတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ Partner ဆိုက်တစ်ခုလည်း ဖြစ်ပါတယ် … Partner ဆိုလို့ IP တောင်တစ်ခုတည်း ရေးကြတာပါ …
ကွန်ပျူတာ ဆိုတာ ဘာလဲ ….
ပြောရမယ်ဆိုရင် … သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော်လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။ ……
ကွန်ပျူတာ အခြေခံ လုပ်ငန်းတာဝန်များ
ကွန်ပျူတာတစ်လုံး ဘယ်လိုအလုပ်လုပ်လဲ .. စဉ်းစားကြည့်ရအောင် ..။ ကွန်ပျူတာဟာ လျှပ်စစ်ပစ္စည်း၊ စက်တစ်လုံးဆိုပေမယ့် .. လုပ်ဆောင်ချက်အရ ကြည့်မယ်ဆိုရင် … ကျနော်တို့လူသားတွေရဲ့ လုပ်ဆောင်ချက်နဲ့ ထူးမခြားနားပါပဲ … ။ နှိုင်းယှဉ်ကြည့်ရအောင် ..
အသေးစိတ်ကိုတော့ မူရင်း ဆိုက်မှာ သွားဖတ်ကြည့်ပါဗျာ …
Posted by admin |
No Comments »

Regular Expression ကို သိပ်အသုံးများ ကြတာ ကြာလှပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ခဏခဏ အခက်အခဲ ဖြစ်တာ ဘယ်လို ရေးရမှန်း မသိတာပဲ။ ဟောဒီ ပြီးခဲ့တဲ့လင့်ခ်မှာ လိုင်ဘရီကြီးတစ်ခုလုံး ပြထားပေမယ့် ကျွန်တော်တို့က ကျက်ရမှာ သိပ်ပျင်းတယ် မဟုတ်လား။ အဲ့တော့ ဟောဒီ cheat sheets တွေက အသုံးဝင် လာရော။ နည်းနည်းသာ ဖတ်ကြည့် ပေါက်သွားရင် အလွတ် ကျက်စရာမလိုဘူး၊ အဲ့ဒါလေးသာ ပရင့်ထုတ်ပြီး ဆောင်ထားလိုက်၊ နံရံမှာ ကပ်ထားလိုက်၊ ပရိုဂရမ် ကောင်းကောင်း ရေးစားလို့ ရပြီ။ အဲ့ဒီဆိုက်မှာ တခြားရှယ် CheatSheet တွေ ရှိသေးတယ်။ ဥပမာ - SQL, ASP, VB, PHP, HTML, CSS, RoR, Javascript, MySql, Mod_Rewrite .. စတာတွေအပြင် World Of Warcarft တောင် ရှိသေးတယ်။ တစ်မျက်နှာ တစ်မျက်နှာ ပရင့်ကောက်ထုတ်ပြီး ဆရာကြီး စတိုင် အပြီသာ ဖမ်းလိုက်တော့ဗျာ။
Posted by WaiPhyo |
3 Comments »

Program တွေရေးတဲ့အခါ Regular Expression စစ်ရတာတွေကြုံရမှာပေါ့ .. (ဥပမာ၊ e-mail format, integer only, postal code, phone number with international style) စသဖြင့် ကြုံလာတဲ့အခါ လေ့လာကိုးကားနိုင်ပါတယ် သူများရေးပြီးသားလေးတွေကြည့်ပြီး ကူးရေးနိုင်သလို ကိုယ်က နားလည်သွားတဲ့အခါမှာ ကိုယ်ပိုင်လိုအပ်ချက်အရလဲ ပြန်လည်ပြောင်းလဲနိုင်ပါတယ်ဗျာ။
(more…)
Posted by MrDBA |
2 Comments »

MSDN Magazine တွေကို Microsoft site မှာ ၂၀၀၃ မှ ၂၀၀၈ ဖေဖော်ဝါရီလထုတ် အထိ ဒေါင်းလို့ရနေပါတယ်
chm format နဲ့ဖြစ်ပါတယ် ..
ဒီမှာပါ
Posted by MrDBA |
No Comments »
In no particular order, here are the top ten things I’ve learned to pay attention to when dealing with production ASP.NET applications. Hopefully they will help you save you some time and headaches. As always, your thoughts and additions are welcome.
1. Generate new encryption keys
When moving an application to production for the first time it is a good idea to generate new encryption keys. This includes the machine validation key and decryption key as well as any other custom keys your application may be using. There is an article on CodeProject that talks about generating machineKeys specifically that should be helpful with this.
2. Encrypt sensitive sections of your web.config
This includes both the connection string and machine key sections. See Scott Guthrie’s post for some good references. Note that if your application runs in a clustered environment you will need to share a custom key using the RSA provider as described in an MSDN article.
(more…)
Posted by MrDBA |
1 Comment »

နာမည်ကြီး စာအုပ်ထင်ပ .. ဟိုမှာလည်းမေး၊ ဒီမှာလဲမေးဖြစ်နေလို့၊ တင်ပေးထားလိုက်ပါတယ်။
ဗမာလိုရေးသော.ရှားပါးစာအုပ်ပါ၊
အသစ်စလုပ်မည့်သူများအတွက်တော့ Starter Reference ဖြစ်ပါတယ်။ 
ဒီနေရာမှာယူပါ
မူရင်း Word format ဖိုင်ပါ ထပ်ဖြည့်ချင်တာ ဖြည့်ပြီး ပိုမိုပြည့်စုံသော စာအုပ်ဖြစ်ရန် မူရင်းပြုစုသူမှ Opensource လုပ်ပေးထားတာပါ။
ဒီမှာ အသေးစိတ် သူ့စိတ်ကူးကို ကြည့်နိုင်ပါတယ်။
Posted by MrDBA |
No Comments »
ကျွန်တော်တို့တွေ Web Site တွေကို အချိန်တိုအတွင်း အဆင့်မြင့်မြင့်နဲ့ သုံးနိုင်အောင် CMS(Content Management System) ကို သုံးကြပါတယ်။ ပေါ်ပျူလာ အဖြစ်ဆုံး CMS ကို ပြပါဆိုရင်တော့ Joomla CMS ပါ။ Open Source ပါ။ Free သုံးလို့ရပါတယ်။ တစ်ခြားပိုက်ဆံပေးရတဲ့ CMS တွေလည်းရှိပါတယ်။ Vivvo CMS ဆိုရင် ပိုက်ဆံပေးရပါတယ်။ အခြား Open Source တွေထဲက နာမည်ကြီးတာတွေက Drupal တို့ phpNuke တို့ စသည်ဖြင့် ရှိကြပါတယ်။ CMS တွေဟာ Dynamic Content Web Site တွေမှာ တစ်ကိုယ်ရည်သုံး Blog လိုမျိုးကနေ Enterprise တွေ၊ သတင်းဌာနတွေ၊ စသည်ဖြင့် အသုံးပြုနိုင် လောက်အောင် ပြည့်စုံပါတယ်။ ကိုယ့်စက်မှာ WAMP Install လုပ်ပြီး အလကားရတဲ့ CMS တွေကို စမ်းကြည့်နိုင်ပါတယ်။
ကျွန်တော် အခုညွှန်းချင်တဲ့ CMS လေးကတော့ ထူးခြားပါတယ်။ သူ့မှာ Windows Installer ပါပါတယ်။ အဲဒါက ထူးခြားပါတယ်။ ကျန်တဲ့ CMS တွေက ကိုယ်ကိုတိုင် CMS ကို ထိုင်ပေးဖို့ လိုပါတယ်။ ဒီ CMS မှာတော့ မလိုပါဘူး။ WAMP တောင်သွင်းထားစရာမလိုပါဘူး။ နောက်ပြီး Module တွေကိုလည်း ရနိုင်ပါသေးတယ်။ ဥပမာ - Gallery, Forum စတာတွေအတွက် Modules တွေလည်းပါပါတယ်။ e-Commerce အတွက်လည်း ပါပါတယ်။ သိချင်တယ်ဆိုရင်တော့ စမ်းချင်တယ်ဆိုရင်တော့ More … ကို ကလစ်ခေါက်ပြီး ရှုစားနိုင်ပါတယ်ခင်ဗျ ..စမ်းပြီးလို့ ထူးခြားတာလေးတွေ့ရင် Comment ရေးပြီး ဆွေးနွေးနိုင်ပါတယ် …
(more…)
Posted by phpcrazy |
1 Comment »
ဒီတစ်ခါ ကိုစေတန့်ဆိုက်က အသုံးဝင်မယ့် Vista Gadget ဆိုတာလေးကို ညွှန်းချင်ပါတယ်။ Wondows Vista မှာ သုံးတဲ့ Note ပါ။
ဒီတော့ ကိုစေတန့် ဆီသွားပြီးသာ ဒေါင်းလိုက်ပါဗျာ …
Posted by nyiminthant |
No Comments »