How To Upgrade Wordpress in easy way …
Wordpress ကို ဘယ်လို Upgrade လုပ်မလဲဆိုတာကို အကူအညီတောင်းတဲ့ အတွက် ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ Wordpress ကို Upgrade လုပ်မယ်ဆိုရင် အရင်က Wordpress Backup လုပ်ရပါမယ်။ Database backup လည်းလုပ်ရပါမယ်။ အဲဒီအခက်အခဲတွေ အားလုံးကို တစ်ခါတည်း အလွယ်တကူ ဖြေရှင်းနိုင်အောင် လုပ်နိုင်တဲ့ နည်းတစ်ခုရှိပါတယ်။
အဲဒါကတော့ Wordpress plugin တစ်ခုကို plugin directory ထဲမှာ ကူးထည့်ပြီး Activate လုပ်ပေးလိုက်ပါ။ ပြီးရင် သူ့ကို ကလစ်နှိပ်ပြီး သူ့ instruction အတိုင်းလိုက်လုပ်ရင် အားလုံး အဆင်ပြေ နိုင်ပါတယ်။ ကျွန်တော်ကတော့ အခုမှစသုံးမယ့် သူတွေအတွက်ပါ ရည်ရွယ်ပြီး Plugin ကို ဘယ်လိုသွင်းမလဲဆိုတဲ့ အပိုင်းက စပြီး ဆွေးနွေးချင်ပါတယ်။
(more…)
Posted by phpcrazy |
1 Comment »
Wordpress and Theme
Wordpress ကို ဆောက်တာတော့ဟုတ်ပါပြီ မြန်မာလိုလည်းရပါပြီ … ဒီဇိုင်းက အောက်လိုက်တာ ပြောင်းလို့မရတော့ ဘူးလား။ Template ချိန်းလို့မရဘူးလား။ ရပါတယ် Wordpree အတွက် Template တွေက အလကားရတာတွေလည်း အများကြီးရှိသလို ပိုက်ဆံပေးဝယ်ရတာ တွေလည်း အများကြီးရှိပါတယ်။ ဒီတော့ Template ကို ဘယ်လိုချိန်းမလဲ။ Template ချိန်းကြည့်ရ အောင်ဗျာ။ ကိုယ်စက်ထဲမှာ WAMP လည်း သွင်းပြီးပြီ။ Wordpress လည်း ထည့်ပြီးပြီ (ဘယ်လိုထည့်ရလဲ သိချင်တယ်ဆိုရင်တော့ ရှေ့ကပို့စ်တွေမှာ ဖတ်ကြည့်ပါ)။ ဒါဆိုရင်တော့ Template ကိုချိန်းလို့ရပါပြီ။ ဒီတော့ Wordpress အတွက် Directory ကို ဘယ်လို တည်ဆောက် ထားသလဲ ဆိုတဲ့ အပိုင်းကို အရင် ကြည့်ပါမယ်။

(more…)
Posted by thiha |
1 Comment »
Wordpress နှင့် မြန်မာဖောင့်
Wordpress ကို မြန်မာလို သုံးနိုင်ဖို့အတွက်
- user စက်ထဲမှာ မြန်မာဖောင့်ရှိဖို့လိုပါတယ်
- CSS ကို ပြန်ပြင်ဖို့လိုပါတယ်
- Heading တွေကိုပါ မြန်မာလိုသုံးချင်တယ်ဆိုရင်တော့ Character Encoding ကို UTF-8 နဲ့သုံးဖို့လိုပါတယ်
တစ်ချို့ဆိုက်တွေမှာ ဥပမာ - planet လိုဆိုက်မျိုးမှာဆိုရင် IE အတွက် font embedded လုပ်ထားတာတွေ့ရပါမယ်။ အဲဒီလိုလုပ်ထားရင်တော့ user စက်ထဲမှာ ie မရှိပဲ မြန်မာဖောင့်ကို မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီိလို embedded လုက်ထားတာဟာ တစ်ခြား firefox လို browser အတွက်တော့ အဆင်မပြေပါဘူး။ ဆိုက်ကိုလည်း အနည်းငယ် လေးသွားစေပါတယ်။ ဒီလိုဖောင့်ကို ဘယ်လို embedded လုပ်မလဲဆိုတာကို ကိုစေတန် ရေးထားတဲ့ ဘလော့ရေးနည်းစာအုပ်မှာ တွေ့နိုင်ပါတယ် …
(more…)
Posted by thiha |
1 Comment »