Dec
11th

How to install ubuntu

Files under ubuntu | 3 Comments

How to install ubuntu ကို ကိုစေတန်က Saturngod Blog မှာ တင်ပေးထားပါတယ်။ သူ့ဘလော့မှာ သွားပြီး ဒေါင်းပြီး အသုံးပြနိုင်ပါတယ်။

install လုပ်ရတာ အလွန်လွယ်ကူတာတွေ့ရပေမယ့် Dual Boot လုပ်မယ်ဆိုရင်တော့ နည်းနည်းသတိထားဖို့ လိုပါမယ်။ Windows XP ကို Partition 1 မှာ ထည့်ထားပြီး ubuntu ကို Partition 2 မှာထားမယ်ဆိုရင် ဂရုစိုက်ဖို့ လိုတာလေးတွေ ရေးပြချင်ပါတယ်။

  • Windows XP ကိုအရင်သွင်းပါ။
  • ဒုတိယ ubuntu သွင်းမယ့် Partition ကို Format မလုပ်ပဲထားလိုက်ပါ။ အကယ်၍ format လုပ်ထားရင်လည်း ပြန်ဖျက်လိုက်ပါ။ logical partition အနေနဲ့ သာထားလိုက်ပါ။ ubuntu installation လုပ်မှ ပြန်ပြီး partition ပိုင်းလို့ရနိုင်ပေမယ့် အခုမှ စပြီးသုံးမယ့် သူတွေ အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီလိုလုပ်ထားရင်တော့ အားလုံကို forward လုပ်သွားရုံနဲ့ Install လုပ်နိုင်ပါတယ်။

ကိုစေတန်ကတော့ Manual ကိုသုံးပြီး Partition ခွဲပြထားပါတယ်။