ဒီ Tutorial လေးကတော့ AJAX((Asynchronous Javascript and XML applications) ကို အသုံးပြုပြီး Web Application တစ်ခု တည်ဆောက်ပုံကို အရိုးရှင်းဆုံး ပုံစံနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။ Ajax ရဲ့ အဓိက အားသာချက်ကတော့ Web Page အစိတ်အပိုင်းတစ်ခုက ပြောင်းသွားတဲ့အခါ Page တစ်ခုလုံးကို Reload လုပ်စရာမလိုပဲ သူ့အပိုင်းလေး သီးသန့် load လုပ် နိုင်တာပါပဲ။ Web နည်းပညာမှာ နောက်ဆုံးနည်းပညာတစ်ခု ဆိုရင်လည်း မမှားပါဘူး။ JavaScript ဆိုရင် AJAX နဲ့ တွဲသွားတဲ့ အထိလွမ်းမိုးထားပါတယ်။ www.ning.com တို့လို Web 2.0 Web Site တွေမှာ လေ့လာကြည့်ရင် Ajax တွေ နေရတကာ သုံးထားတာ တွေ့ရပါမယ်။ Web နည်းပညာအရ ပြောရရင်တော့ Ajax ဆိုတာXML က Data တွေကို Javascript နဲ့ ဖတ်တာပါပဲ။ ဒီ tutorial မှာ remote (server) မှာရှိတဲ့ XML ဖိုင်ကို web page ကနေ ajax ကို အသုံးပြုပြီး ဘယ်လို ဖတ်တယ်ဆိုတာကို တင်ပြမှာဖြစ်ပါတယ်။ (more…)