ကိုယ့်စက်ထဲမှာ PHP Script တို့ MySQL တို့သုံးချင်တယ်ဆိုရင် Winodws XP တို့ Vista တို့ဆိုရင် WAMP Server ကို သွင်းထားဖို့ လိုသလို Linux ဆိုရင်တော့ LAMP ကို သွင်းထားဖို့ လိုပါမယ်။ အားလုံးကို တစ်ခုခြင်းစီ သွင်းရင်လည်း ရနိုင်သလို အကောင်းဆုံးကတော့ သုံးခုလုံး တစ်ပြိုင်တည်း သုံးလို့ရတဲ့ WAMP Server ကို install လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ အဲဒါကို ဘယ်နေရာမှာ ဒေါင်းရမလဲဆိုတော့ WAMP Server ဆိုက်မှာ နောက်ဆုံးဗားရှင်းကို ဒေါင်းလိုက်ပါ။ ပြီးရင် စက်ထဲကို install လုပ်လိုက်ပါ။ install လုပ်ပြီးသွားပြီ ဆိုရင်တော့ Browser တစ်ခုခုမှာ http://localhost လို့ရိုက်ကြည့်ပါ။ (more ..)မှာ ပြထားတဲ့ ပုံပေါ်လာရင် အဆင်ပြေပါပြီ။
(more…)
Posted by khunmk |
6 Comments »
ဒီတစ်ခါ snow effect ကို ပုံမပါပဲနဲ့ သုံးလို့ရမယ့် JavaScript လေးပါ။ လေးတဲ့ ဆိုက်တွေမှာ သုံးရင် အဆင်ပြေမှာပါ။ သုံးလို့အဆင်ပြေမယ့် IE တွေကတော့ ie6, ie7, firefox တွေပါ။ ကျန်တာနဲ့တော့ အဆင်ပြေမယ် မထင်ပါဘူး။ အသုံးဝင်မယ်တော့ ထင်ပါတယ်။ သူက .js ဖိုင်ကို သပ်သပ်လုပ်ပါ။ ပြီးမှ ကိုယ်ရေးတဲ့ Page မှာထည့်ပြီး သုံးနိုင်ပါတယ်ခင်ဗျ။
(more…)
Posted by admin |
No Comments »
အခုလို December လမှာ အပြင်မှာ နှင်းမကျတော့ Site မှာ နှင်းကျထားရတယ်။ တောင်ကြီးလို နေရာဆိုရင်တော့ နှင်းတွေ ပိတ်နေမှာပေါ့။ ဒီလိုနှင်းတွေ ကျအောင်လုပ်တဲ့ javascript လေးကို ရှယ်ပါရစေ။
နှင်းပွင့်လေးကိုတော့
ဒီမှာယူလိုက်ပါ …
(more…)
Posted by nyiminthant |
4 Comments »
ဒီတစ်ခါ ကိုစေတန့်ဆိုက်က အသုံးဝင်မယ့် Vista Gadget ဆိုတာလေးကို ညွှန်းချင်ပါတယ်။ Wondows Vista မှာ သုံးတဲ့ Note ပါ။
ဒီတော့ ကိုစေတန့် ဆီသွားပြီးသာ ဒေါင်းလိုက်ပါဗျာ …
Posted by nyiminthant |
No Comments »
ဒီ Tutorial ကတော့ Professional Web Button တစ်ခုကို Photoshop နဲ့ဆွဲတာပါ … အောက်မှာပြထားတဲ့ ပုံအတိုင်း ဖြစ်အောင်ဆွဲတာပါ။ ဘယ်လိုဆွဲသလဲ ကြည့်ချင်ရင်တော့ More .. ကို သာနှိပ်လိုက်ပါတော့ ..

(more…)
Posted by nyiminthant |
1 Comment »
အောက်က ပုံထဲက အတိုင်း Tab တွေနဲ့ ဆိုက်ကိုရေးချင်သလား … အဲဒါဆို More .. ကို ကလစ်ခေါက် လိုက်ပါဗျာ ..

(more…)
Posted by nyiminthant |
1 Comment »
ကိုယ်ရေးတဲ့ဆိုက်ကို Page Load တစ်ခါလုပ်တိုင်း Count လုပ်ထားနိုင်အောင် သုံးလို့ရမယ် page load counter php script လေးပါ။ ဘာတွေ သုံးလို့ရလဲ ဆိုတော့
- multiple page ကိုသုံးလို့ရပါတယ်။ ပြောရရင် Page တစ်ခုတည်းအတွက်မဟုတ်ပဲ အများကြီးအတွက် သုံးလို့ရပါတယ်
- page file name ကို အော်တိုမစ်တစ်ယူနိုင်ပါတယ်
- error ကို recover လုပ်နိုင်ပါတယ်
- Page ကို ဘယ်လောက် access လုပ်လဲဆိုတဲ့ အကြိမ်အရေအတွက်ကို ကြည့်နိုင်ပါတယ်
- PHP4 အတွက်ရော PHP5 အတွက်ပါရှိပါတယ်
- ဖိုင်တစ်ဖိုင်းတည်း သုံးစရာလိုပြီး Database မလိုပါ
(more…)
Posted by admin |
1 Comment »
How to install ubuntu ကို ကိုစေတန်က Saturngod Blog မှာ တင်ပေးထားပါတယ်။ သူ့ဘလော့မှာ သွားပြီး ဒေါင်းပြီး အသုံးပြနိုင်ပါတယ်။
install လုပ်ရတာ အလွန်လွယ်ကူတာတွေ့ရပေမယ့် Dual Boot လုပ်မယ်ဆိုရင်တော့ နည်းနည်းသတိထားဖို့ လိုပါမယ်။ Windows XP ကို Partition 1 မှာ ထည့်ထားပြီး ubuntu ကို Partition 2 မှာထားမယ်ဆိုရင် ဂရုစိုက်ဖို့ လိုတာလေးတွေ ရေးပြချင်ပါတယ်။
- Windows XP ကိုအရင်သွင်းပါ။
- ဒုတိယ ubuntu သွင်းမယ့် Partition ကို Format မလုပ်ပဲထားလိုက်ပါ။ အကယ်၍ format လုပ်ထားရင်လည်း ပြန်ဖျက်လိုက်ပါ။ logical partition အနေနဲ့ သာထားလိုက်ပါ။ ubuntu installation လုပ်မှ ပြန်ပြီး partition ပိုင်းလို့ရနိုင်ပေမယ့် အခုမှ စပြီးသုံးမယ့် သူတွေ အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီလိုလုပ်ထားရင်တော့ အားလုံကို forward လုပ်သွားရုံနဲ့ Install လုပ်နိုင်ပါတယ်။
ကိုစေတန်ကတော့ Manual ကိုသုံးပြီး Partition ခွဲပြထားပါတယ်။
Posted by nyiminthant |
3 Comments »
ဒီ tutorial ကတော့ တကယ့် ဂျင်းဘောင်းဘီ စတိုင်အတိုင်း photoshop နဲ့ ဆွဲဖို့ဖြစ်ပါတယ်။
အဆင့်(၁)
background color ကို #1E497E ထားပြီး 6″x10″ ရှိ RGB Mode, 150 dpi ရှိတဲ့ photoshop ဖိုင်တစ်ခုဖွင့်ပါ။
အဆင့်(၂)
Layer အသစ်တစ်ခုထည့်ပါ။ ပြီးလျှင် Shift + Backspace ကို နှိပ်ပြီး Fill Dialog ပေါ်လာလျှင်
Content -> Use -> 50% gray ရွေးပါ။ ပြီးလျှင် OK နှိပ်ပါ။
“D” ကို နှိပ်ပြီး Backgroud/Foreground Color များကို reset နဂိုမူရင်းအတိုင်းထားလိုက်ပါ။

(more…)
Posted by nyiminthant |
No Comments »
ကျွန်တော်တို့ mmopenXteam ကို စတင်လိုက်ပါပြီ။ အဓိကအားဖြင့်
- မြန်မာလို ရေးသားထားသော tutorials များ မျှဝေနိုင်ရန်
- Ready-made Scripts များ မျှဝေနိုင်ရန်
- Problem Solutions မျှား မျှဝေနိုင်ရန်
ကျွန်တော်တို့ ဆိုက်ဟာ ပညာရေး အတွက် အဓိက ရည်ရွယ်ထားတဲ့ အတွက် နိုင်ငံရေးနှင့် ပတ်သက်သော၊ ဆိုက်၏ ရည်ရွယ်ချက်နှင့် မဆိုင်သော Post များကို မတင်ဖို့ တောင်းပန်အပ် ပါတယ်ခင်ဗျား ….
Posted by admin |
5 Comments »