Apr
30th

Web Site တစ်ခုလုံးအဆုံးအထိ (၁)

ဒီ Tutorial လေးကတော့ Photoshop ကနေ web site တစ်ခုဖြစ်တဲ့အထိ ဘယ်လိုသွားမလဲဆိုတဲ့ ပေါင်းကူးလေး တစ်ခုအနေနဲ့ အသုံးဝင်ပါလိမ့်မယ် … table-less design တွေ ခေတ်စားနေတဲ့ အချိန်မှာ div ကို အသုံးချပြီး CSS နဲ့ တွဲ စပ် အသုံးချသွားတာကို တွေ့ရပါမယ်။ ပထမဦးဆုံးအနေနဲ့ photoshop ကနေစရပါမယ်။

1. create a new document (width = 880 pixels ,height = 1000 pixels)

(more…)

Apr
28th

EA’s UEFA EURO 2008

Files under OpenXnews | Leave a Comment

ဘောလုံးပွဲတွေ အရှိန်တက်တဲ့ ကာလမှာ ကွန်ပျူတာသမား တွေအတွက် ရောဂါ မသေရအောင် EA က UEFA Euro 2008 ကို ထုတ်ပေး လိုက်ပါတယ်။ လာမယ့် သြစတီးယား - ဆွစ်ဇာလန်မှာ ကျင်းပမဲ့ ဒီလေးနှစ်တစ်ခါ ဘောပွဲကြီးကို အပြင်မှာ အတိုင်း Simulate လုပ်ထားတဲ့ ဂိမ်းပါ။ Fifa 2008 ရဲ့ နောက်ဆုံးပေါ် အင်ဂျင်ကို သုံးထားတယ် ဆိုပေမယ့် Fifa 08 လောက် ကစားရတာတွေ မခက်ပါဘူး။ ဥပမာ - ပရိသတ်က ကန့်ကွက်ကြတဲ့ ဘောလုံးမျှောထိုးတဲ့ ခလုတ် (တြိဂံ ခလုတ်) ကို အကြာကြီးဖိပြီး အားအတိုး အလျှော့ ချိန်ညှိရတဲ့ ကိစ္စတွေ မရှိတော့ပါဘူး။ 2008 မှာ PES 08 နှင့် Fifa 08 တို့ အားပြိုင် နေခဲ့ကြတာ ကြာပါပြီ။ ဟောဒီ နောက်ဆုံး ထွက်လာတဲ့ Euro 2008 ကတော့ ရာသီစာလို့ ဆိုရလောက်အောင် အချိန်ကိုက် လုပ်ပေးထားတာပါ။ ဒါဟာ ပထမဆုံးတော့လည်း မဟုတ်ပါဘူး။ EA က အဲ့လို ပွဲလမ်းသဘင်၊ ပြိုင်ပွဲကြီးတွေအတွက် အထူးထုတ်ပေးတဲ့ ဂိမ်းတွေရှိခဲ့ပါတယ်။ World Cup လိုမျိုးပေါ့။ နည်းပညာပိုင်း အရ ပြောရရင် ကွန်ပျူတာ လိုအပ်ချက် အရလည်း သိပ်မမြင့်ပါဘူး။ ကျွန်တော့် လက်ပတော့ မှာပါတဲ့ Onboard VGA GMA 950 နှင့်တောင် ကစားလို့ ရတယ်ဆိုတော့၊ ဂိမ်မာ တော်တော် များများလည်း အေးဆေး ကစားနိုင်မှာပါ။ ကလပ်အသင်းတွေ မပါလို့ ပျင်းစရာ ကောင်းတယ် မထင်ပါနှင့်။ သူ့ရဲ့ Campaign စနစ်ဟာ အင်မတန် ကစားလို့ ကောင်းပါတယ်။ Points စနစ်တွေ သုံးထားတဲ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းပြီး၊ စည်းကမ်း သတ်မှတ်ချက် အသစ်( လူကျွံဘော၊ ဖောင်း၊ ဂိုးပေးခံရ စတာတွေ) တွေက သင့်အမှတ်တွေကို နုတ်ယူမှာ ဖြစ်လို့ သတိထား ဆော့ရမဲ့ ဘောလုံး ဂိမ်း၁ခုပါပဲ။

Gamepad ၁စုံတော့ ၀ယ်ထားဖို့လိုမယ်။ သူငယ်ချင်းတွေပါ ခေါ်ကစားပေါ့ဗျာ။

- WaiPK

Apr
27th

Cheat Sheets - Save Your Day

Files under Reference, Solutions | 2 Comments

Regular Expression ကို သိပ်အသုံးများ ကြတာ ကြာလှပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ခဏခဏ အခက်အခဲ ဖြစ်တာ ဘယ်လို ရေးရမှန်း မသိတာပဲ။ ဟောဒီ ပြီးခဲ့တဲ့လင့်ခ်မှာ လိုင်ဘရီကြီးတစ်ခုလုံး ပြထားပေမယ့် ကျွန်တော်တို့က ကျက်ရမှာ သိပ်ပျင်းတယ် မဟုတ်လား။ အဲ့တော့ ဟောဒီ cheat sheets တွေက အသုံးဝင် လာရော။ နည်းနည်းသာ ဖတ်ကြည့် ပေါက်သွားရင် အလွတ် ကျက်စရာမလိုဘူး၊ အဲ့ဒါလေးသာ ပရင့်ထုတ်ပြီး ဆောင်ထားလိုက်၊ နံရံမှာ ကပ်ထားလိုက်၊ ပရိုဂရမ် ကောင်းကောင်း ရေးစားလို့ ရပြီ။ အဲ့ဒီဆိုက်မှာ တခြားရှယ် CheatSheet တွေ ရှိသေးတယ်။ ဥပမာ - SQL, ASP, VB, PHP, HTML, CSS, RoR, Javascript, MySql, Mod_Rewrite .. စတာတွေအပြင် World Of Warcarft တောင် ရှိသေးတယ်။ တစ်မျက်နှာ တစ်မျက်နှာ ပရင့်ကောက်ထုတ်ပြီး ဆရာကြီး စတိုင် အပြီသာ ဖမ်းလိုက်တော့ဗျာ။