Firefox ကို မြန်အောင်လုပ်ဖို့ နည်းလမ်း များစွာ ရှိပါတယ်။ အဲဒီထဲက ကျွန်တော် သိသလောက်ကို ပြောပါ့မယ်။အခုပြောတဲ့ နည်းတွေက broadband connection အတွက်ဖြစ်ပါတယ်။လုပ်ရတာလဲ လွယ်ကူပါတယ်။ မခက်ခဲပါဘူး။ ပထမဦးစွာ search bar မှာ about:config လို့ရိုက်လိုက်ပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ တန်ဖိုးတွေကို double click နှိပ်ပြီး အလွယ်တကူ ပြင်နိုင်ပါတယ်။
(more…)
Posted by exiter |
7 Comments »
တနေ့ကအလုပ်မအားတဲ့ ကြားထဲ သူငယ်ချင်းတစ်ယောက်က အွန်လိုင်းမှာတဲ့ တခြားဘယ်သူမှ မတွေ့လို့တဲ့ ကျွန်တော့်ကို သူအစမ်းရေးနေတဲ့ program လေးစမ်းပေးပါဆိုလို့ စမ်းပေးလိုက်ရသေးတယ်။ မနေ့ကတော့ Live လွှင့်လိုက်ပြီဖြစ်လို့ ကြောငြာလိုက်ဝင်နေတာနဲ့ ကျွန်တော်လဲ အများသူငါ အကြိုးများစေဖို့ သတင်းကောင်းလေး မျှလိုက်ပါဦးမယ်။
ဟုတ်ကဲ့ နာမည်က ဟားဟားဦးနီပါတဲ့။ (မရီနဲ့နော်)။ လောလောဆယ်တော့ (Beta Version) ဘဲရှိပါသေးတယ်။ ဂူးဂဲကိုအားကျလို့ ဘီတာတပ်ထားတာလားမသိ။ သူကဘာတွေလုပ်ပေးလဲဆိုတော့ အဓိကကတော့ မြန်မာယူနီကုဒ် ဖောင့်တွေ စက်ထဲမရှိရင် ယူနီကုဒ်နဲ့ ရေးထားတဲ့ ဆိုဒ်တွေကြည့်ရတာ အဆင်မပြေပါဘူး။ ဒီတော့ သူ့ ပရိုဂရမ်လေးကနေ တဆင့်သွားရင် ယူနီကုဒ်တွေကို သူက ဇော်ဂျီဖောင့်ကို ပြောင်းတယ်ခင်ဗျ။ နေဦး သူပြောတဲ့ အတိုင်း ကူးပေးလိုက်မယ်။
my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome နဲ့မှ မြန်မြန်ဆန်ဆန်ကြည့်လို့ရမှာပါ။ site က javascript တွေ သုံးထားတာ များလို့ပါ။ အခုလက်ရှိမှာတော့ chrome ကသာ javascript တွေကို မြန်မြန်နဲ့အလုပ်လုပ်နိုင်လို့ပါ။ လိပ်စာကတော့ hahauni.zawgyi.info ပါ။
ဒီမှာပေါ့ဗျာ။ ခုတလော ၀က်ဝက်ကွဲနာမည်ကြီးနေတဲ့ မြန်မာဝီကီပေါ့ သူ့ကို စိတ်ဝင်စားလို့ သွားကြည့်လိုက်တော့လေ ကိုယ့်မှာက ယူနီကုဒ်ဖောင့် မရှိတော့ ဘာမှ မမြင်ရဘဲ နောက်ပြန်ဆုတ်လာရတဲ့လူတွေ တော်တော်များကြပါတယ်။ မြန်မာယူနီကုဒ်ကြတော့လဲ တော်တော်များများ ကြားဘူးတာက သွင်းမရဘူးလိုလို သုံးရတာခက်သလိုလို အဲဂလိုမျိုးအသံတွေ ကြားထားရတော့ လူတွေကလဲ ယူနီကုဒ်ဆို ဝေးဝေးရှောင်နေကြတယ်။ အဆင်ပြေတော့မှဘဲ သုံးကြတော့မယ်ဟေ့လို့ ပြောတဲ့လူကလဲ ပြောကြတယ်ပေါ့။
ခုပရိဂရမ်လေးက အဲဒီလို မြန်မာများ အားလုံးနဲ့ သက်ဆိုင်တဲ့ မြန်မာဝီကီကို လူတွေစိတ်ဝင်စားလာအောင် သုံးဖြစ်အောင် ကြိုးစားထားတာဖြစ်ပါတယ်။ ခုပုံမှာပြထားတဲ့ အတိုင်း ဟားဟား ဦးနီကို သုံးပြီး ၀င်လိုက်မယ်ဆိုရင်တော့ ယူနီကုဒ်သုံးထားတဲ့ ဆိုဒ်တွေကို ဇော်ဂျီဖောင့်တွေနဲ့ မြင်ရမှာ ဖြစ်ပါကြောင်း။ နောက်ပြီး ၀ီကီတစ်ခုထဲမှ မဟုတ်ပါဘူး တချို့ ဘလော့ကာများလဲ တစ်နေ့တော့ ယူနီကုဒ်ကို ပြောင်းသုံးရမည့် အတူတူဆိုပြီး သူတို့ရဲ့ ဘလော့များမှာ ယူနီကုဒ်ကို စတင်သုံးစွဲနေကြပါပြီ။ သူတို့ကတော့ လာဖတ်သူများ အဆင်ပြေအောင်ဆိုပြီး သူတို့ ဘလော့များမှာဘဲ ဖောင့် ပြောင်းကြည့်လို့ရတဲ့ စနစ်လေးကို ထည့်သွင်းထားကြပါတယ်။
ဟဲဟဲ နောက်တစ်ခု ထပ်ပြီး သုံးလို့ရတာက သူက proxy program လေးတစ်ခုကို ပြုပြင်ထားတာ ဆိုတော့ ကျွန်တော်တို့ ဘန်းကျော်ကိစ္စတွေမှာလဲ သုံးလို့ ရတယ်လို့။ ဒါကတော့ တရားဝင်ပြောပါဘူး။ မသိမသာ နည်းပေးတာပါ။
Posted by MrDBA |
3 Comments »
ကျွန်တော် software တွေကိုရှာရင် search engine တွေကနေရှာတာများပါတယ်။ Internet ထဲမှာ search engine ပေါင်းများစွာ ရှိပါတယ် အဲဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ MEGADOWNLOAD ဆိုတဲ့ search engine ပဲဖြစ်ပါတယ်။ သူက rapidshare နဲ့ megaupload က files တွေကိုရှာဖွေပေးပါတယ်။ သက်သက်စီလဲ ရှာလို့ရနိုင်ပါတယ်။ သူကတခြား search engine တွေလိုမဟုတ်ပဲ rar files တွေမှာ password ခံထားတာတွေကို ရှာဖွေလို့ရနိုင်ပါတယ်။ကျွန်တော်ဘယ်လို ရှာလို့ရလဲဆိုတာတွေကို ပုံနှင့်တကွ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပထမဦးစွာ www.megadownload.net လို့ရိုက်လိုက်ပါ။

ကျွန်တော်ဥပမာအနေနဲ့ video converter လို့ရိုက်ပြီး ရှာပါမယ်။

ပြီးရင် ကိုလိုချင်တာတွေ့ရင် အဲဒီနေရာရဲ့ ဘေးအစွန်းမှာ Download ဆိုတာတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ ။

ပြီးရင် နောက်ထပ် Donwload ဆိုတာပေါ်လာရင် download လုပ်လိုက်ပါ ။ rapidashare ကနေ download လုပ်ရုံပါပဲ။

တစ်ခါတစ်လေကြရင် ကိုယ်ဒေါင်းလိုက်တဲ့ Rar Files တွေမှာ password ခံထားတာတွေ ဖြစ်တတ်ပါတယ် ။ အဲဒီ password တွေကို ရှာရတာ အရမ်းကို လွယ်ကူပါတယ်။အောက်ကပုံမှာကြည့်ပါ။
(more…)
Posted by exiter |
2 Comments »
ကွန်ပျူတာအသုံးပြုသူများ File တွေကို ရွှေ့ပြောင်းရတာ လွယ်ကူစေချင်ရင် copy to နဲ့ move to လုပ်ဆောင်ချက်တွေထည့်လို့ရပါတယ်။
လွယ်လည်းလွယ်ကူပါတယ်။
ပထမဦးစွာ အဲလိုမျိုးရအောင်လုပ်ဖို့ Start>Run ထဲမှာ regedit လို့ရိုက်လိုက်ပါ။
ပြီးရင် HKEY_CLASSES_ROOT->*->shellex->ContextMenuHandlers
First we will add the copy and move options to the right click menu of all FILES.
CLICK Start>Run, type REGEDIT and click OK to open up the registry editor and make your way to this key:
HKEY_CLASSES_ROOT -> * ->shellex ->ContextMenuHandlers မှာ right click ထောက်ပြီး New->key ကို နှိပ်လိုက်ပါ။ box တစ်ခုပေါ်လာရင် “Copy To” (ကော်လံမပါပဲ) ရိုက်လိုက်ပါ။ အဲလိုမျိုးပဲ နောက်ထပ် Move To ကို ထပ်လုပ်လိုက်ပါ။
ပြီးရင်
Copy To အတွက်: {C2FBB630-2971-11d1-A18C-00C04FD75D13}
Move To အတွက်:{C2FBB631-2971-11d1-A18C-00C04FD75D13} ကိုသူ့ရဲ့ value တွေကိုပုံမှာပြထားတဲ့အတိုင်းထည့်ပါ။

ပြီးရင် အလိုမျိုးကို HKEY_CLASSES_ROOT\Directory\shellex\ContextMenuHandlers ထဲမှာ ထပ်လုပ်ပါ။အောက်ကပုံမှာကြည့်ပါ။

ပြီးရင် registry edit ကိုပိတ်လိုက်လို့ရပါပြီ။ ပြီးရင် ကိုယ်ပြောင်းချင်တဲ့ files တွေကို Copy To , Move To function တွေသုံးပြီး organize လုပ်လို့ရပါပြီ။ဒီနည်းက သိတဲ့သူများပါတယ်။ မသိသေးတဲ့ သူများအတွက်ပါ။ 
Posted by exiter |
No Comments »
Window ထဲမှာ တစ်ခါတစ်လေကြရင် Error တက်ပြီး error report to microsoft ပေါ်ပေါ်လာတတ်ပါတယ် ။ အဲဒါကို မပေါ်ချင်ရင်ပိတ်ထားလို့ရပါတယ်။နည်းကတော့
Control Panel ကို ဖွင့်ပြီး System ကို နှိပ်ပါ။
Advanced tab ကိုသွားပြီး Error Reporting ကိုနှိပ်ပါ။
ပြီးရင် Disable Error Reporting ကို select လုပ်ပါ။
နောက်ဆိုရင် EROR REPORT TO MICROSOFT ဆိုတဲ့ Message Box ပေါ်လာတော့မှာ မဟုတ်ပါဘူး။



Posted by exiter |
2 Comments »
သင့်ကွန်ပျူတာထဲက Num Lock ကို အမြဲတမ်းလင်းအောင်လုပ်လို့ရပါတယ်။
အရမ်းခက်ခက်ခဲခဲကြီးတော့မဟုတ်ပါဘူး။နည်းနှစ်နည်းနဲ့ လုပ်လို့ရပါတယ်။
Registery Editor ကို သုံးမယ်ဆိုရင် …အရင်ဆုံး Window Key+ R နှိပ်ပြီး Regedt32 လို့ရိုက်လိုက်ပါ။ Registry Editor Box ပေါ်လာရင် HKEY_USERS\Default\Control Panel\Keyboard ကိုသွားပြီး InitialKeyboardIndicators ကို တန်ဖိုး ၀ ကနေ ၂ ကိုပြောင်းလိုက်ပါ။ပြီးပြီဆိုရင်တော့ restart ချလိုက်ပါ။Window ပြန်တက်လာရင် NUM LOCK ဟာအမြဲတမ်းဖွင့်နေမှာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ script ရေးနည်းပါ။ Notepad ကိုဖွင့်ပြီး
“ set WshShell = CreateObject(”WScript.Shell”)
WshShell.SendKeys “{NUMLOCK} ”
ကို ရိုက်ပြီး ” num.vbs ” လို့ save မှတ်ထားပါ။ ပြီးရင်အဲဒီ File ကို Documents and Settings\All Users\Start Menu\Programs\Startup မှာသွားထားပါ။
ပြီးရင် restart ချလိုက်ပါ။ NUM LOCK က window ပြန်တက်လာရင်အမြဲတမ်းလင်းနေမှာပါ။
Posted by exiter |
No Comments »