Apr
27th
Regular Expression ကို သိပ်အသုံးများ ကြတာ ကြာလှပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ခဏခဏ အခက်အခဲ ဖြစ်တာ ဘယ်လို ရေးရမှန်း မသိတာပဲ။ ဟောဒီ ပြီးခဲ့တဲ့လင့်ခ်မှာ လိုင်ဘရီကြီးတစ်ခုလုံး ပြထားပေမယ့် ကျွန်တော်တို့က ကျက်ရမှာ သိပ်ပျင်းတယ် မဟုတ်လား။ အဲ့တော့ ဟောဒီ cheat sheets တွေက အသုံးဝင် လာရော။ နည်းနည်းသာ ဖတ်ကြည့် ပေါက်သွားရင် အလွတ် ကျက်စရာမလိုဘူး၊ အဲ့ဒါလေးသာ ပရင့်ထုတ်ပြီး ဆောင်ထားလိုက်၊ နံရံမှာ ကပ်ထားလိုက်၊ ပရိုဂရမ် ကောင်းကောင်း ရေးစားလို့ ရပြီ။ အဲ့ဒီဆိုက်မှာ တခြားရှယ် CheatSheet တွေ ရှိသေးတယ်။ ဥပမာ - SQL, ASP, VB, PHP, HTML, CSS, RoR, Javascript, MySql, Mod_Rewrite .. စတာတွေအပြင် World Of Warcarft တောင် ရှိသေးတယ်။ တစ်မျက်နှာ တစ်မျက်နှာ ပရင့်ကောက်ထုတ်ပြီး ဆရာကြီး စတိုင် အပြီသာ ဖမ်းလိုက်တော့ဗျာ။

By နန်းခမ်းဆွဲ on Jun 22, 2008 | Reply
တောင်ကြီးကိုရောက်ဖူးလား
အင်းလေးကိုလာလည်နော်
By Engineer4myanmar on Jun 24, 2008 | Reply
တယ်ကောင်းပါလားဗျာ။ တစ်မျက်နှာရယုံနဲ့ ဆရာကြီးလုပ်ရအောင် သွားကူးလိုက်ဦးမယ် အဟီး
By မြတ်သူ on Dec 2, 2008 | Reply
ရှယ်ပဲဗျာ၊ဒါမျိုးရှာနေတာနဲ့တော်ပဲ
ရေငတ်တုန်းရေတွင်းထဲကျတာပဲ
ကျေးဇူးတင်တယ်ဗျာ၊