Dec
23rd

How to create Wordpress Blog

Files under Script | Posted by admin

ဘလော့ရေးတော့မယ်ဆိုရင် ပြေးမြင်မိတာက Google က Blogspot ပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင် Hosting နဲ့ Blog ရေးချင်တယ် ဆိုရင်တော့ ပထမဦးစားပေးအနေနဲ့ စဉ်းစားရမယ့် Script ကတော့ Wordpress ပဲဖြစ်ပါတယ်။ ပိုက်ဆံပေးပြီးမှ သုံးချင်တယ် ဆိုရင်တော့ Expression Engine ဆိုတာ တော်တော်ကောင်းပါတယ်။ ကျန်တဲ့ ဘလော့ရေးလို့ရတဲ့ Script တွေရှိပါသေးတယ်။ Blog စုရေးလို့ရတဲ့ Portal တစ်ခုထောင်ချင်တယ် ဆိုရင်တော့ Blog System 1.5 ဆိုတာရှိပါတယ်။ ပိုက်ဆံပေးရပါတယ်။

Worpress အကြောင်း စပြောပါ့မယ်။ Wordpres ကို Hosting တော်တော်များများက Support လုပ်တာ တွေ့ရပါလိမ့်မယ်။ One-Click Installation လုပ်ပြီးတော့ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တစ်ခုရှိတာက သူတို့ install လုပ်ပေးတဲ့အတိုင်းသုံးရင် မြန်မာစာသုံးတဲ့အခါမှာ ပြဿနာ တက်တတ်တဲ့ အတွက် ကိုယ်တိုင် install လုပ်ပြီးသုံးတာ အကောင်းဆုံးပါပဲ။ Hosting ရှိတဲ့သူတွေ အတွက် ပြဿနာမရှိပေမယ့် ကိုယ့်စက်ထဲမှာ WAMP ထည့်ပြီး ကိုယ်ကိုတိုင် စမ်းချင်သူတွေ အတွက် အဓိကထားပြီး ဆွေးနွေးသွားပါ့မယ်။ ကိုယ်စက်ထဲမှာ ကောင်းကောင်း စမ်းလို့ရပါ တယ်ခင်ဗျာ ..

WAMP Installation တော့ လုပ်ထားပြီးသားဖြစ်ဖို့ လိုပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုတာ ကိုတော့ ရှေ့ကပို့စ် WAMP Installation မှာကြည့်ပါ….

အဆင့်(၁)

Wordpress.org ကိုသွားပါ ..

wordpress.jpg

နောက်ဆုံးဗားရှင်းကို ယူလိုက်ပါ။

အဆင့်(၂)

Database Creation လုပ်ရပါမယ်။ http://localhost/ ကိုသွားပါ။ phpMyAdmin ဆိုကို ကလစ်ခေါက်ပြီး “wpress” ဆိုတဲ့ အမည်နဲ့ Database တစ်ခု ဆောက်လိုက်ပါ။ (Database Tables များ ဆောက်စရာမလိုပါ။ Wordpress Installation မှ Auto Create လုပ်သွားပါလိမ့်မယ်)

အဆင့်(၃)

Download လုပ်ထားတဲ့ .zip ဖိုင် (သို့) .tar.gz ဖိုင်ကိုဖြည်လိုက်ပါ။ ပြီးရင် wordpress ဆိုတဲ့ဖိုင်ကို Copy လုပ်ပြီး c:\wamp\www ထဲကို Paste လုပ်လိုက်ပါ။

အဆင့်(၄)

Browser တစ်ခုခုမှာ http://localhost/wordpress ဆိုပြီး ရိုက်လိုက်ပါ.. အောက်ပုံပေါ်လာပါလိမ့်မယ် …

wordpress21.jpg

create a wp-config.php file through a web interface ဆိုတာကိုရွေးပါ။ ပြီးရင် .. စာသေသေချာချာဖတ်ကြည့်ပြီး Let’s go ဆိုတာကိုနှိပ်ပါ … ပြီးရင် အောက်ပုံမှာ ပြထားတဲ့ အတိုင်း ဖြည့်ပါ။

Database Name : wpress

User Name : root

Password :

Database Host : Localhost

Table Prefix : wp_

ဒီနေရာမှာ တစ်ချက်သတိထားရမှာက MySQL ကို Password ပေးထားရင် Password နေရာမှာ Password ကိုထည့်ရမှာ ဖြစ်ပါတယ်။ နဂိုအတိုင်းပဲဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ပြီးရင် Submit လုပ်ပါ … Blog Title ကိုဖြည့်ပါ။ email တစ်ခုဖြည့်ပါ … ပြီးရင်

name : admin

pass : တစ်ခုပေးပါလိမ့်မယ် မှတ်ထားပါ။ ရေးပြီးမှတ်ထားရင် ပိုကောင်းပါတယ်။ Wordpress Blog တစ်ခုဆောက်လို့ပြီးပါပြီ ….

admin panel ထဲဝင်ချင်ရင် http://localhost/wordpress/wp-admin လို့ရိုက်ပြီး username : admin နဲ့ သူပေးထားတဲ့ Password ကိုသုံးပြီး ၀င်နိုင်ပါတယ်။ အကောင်းဆုံးကတော့ My Profile ဆိုတာကိုရွေးပြီး Password ကိုချိန်းလိုက်ပါ။ ကိုယ့်စက်ထဲမှာကိုယ် ဘလော့ရေးလို့ရပါပြီ။

ကိုယ့်စက်ထဲက ဘလော့ကို ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ http://localhost/wordpress လို့ရိုက်ပြီး ကြည့်နိုင်ပါတယ် …..


5 Responses to “How to create Wordpress Blog”

  1. By snow white on Jan 8, 2008 | Reply

    I ‘m beginner of word press user. I’m follow your instruction but
    below stage after press “Submit”

    နဂိုအတိုင်းပဲဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ပြီးရင် Submit လုပ်ပါ … Blog Title ကိုဖြည့်ပါ။ email တစ်ခုဖြည့်ပါ … ပြီးရင်

    Can’t select database
    We were able to connect to the database server (which means your username and password is okay) but not able to select the wordpress database.

    Are you sure it exists?
    Does the user root have permission to use the wordpress database?
    On some systems the name of your database is prefixed with your username, so it would be like username_wordpress. Could that be the problem?
    If you don’t know how to setup a database you should contact your host. If all else fails you may find help at the WordPress Support Forums.

    What is this error?
    Please help me to solve my problem.

  2. By admin on Jan 8, 2008 | Reply

    ဟုတ်ကဲ့ခင်ဗျ …
    Error ကိုကြည့်ရတာတော့ Wordpress Database ကို ရှာမရတဲ့ ပြဿနာပါ.. wamp ကိုပဲသုံးတာဆိုရင်တော့ Database Name ကို သေသေချာချာစစ်ကြည့်ပါ.. ဒါမှမဟုတ် Hosting မှာ တင်တာဆိုရင်တော့ ရှေ့မှာ name တစ်ခုခုပါသေးပါတယ်။ ဥပမာ - yourloginname_wpress ဆိုပြီး ပါတတ်ပါတယ် …

  3. By Sneezy Melon on Apr 10, 2008 | Reply

    Oh… Your blog used to be nice, but now it’s spoiled. Stop posting trash like that or stop posting at all.

  4. By mmopenxteam on Apr 11, 2008 | Reply

    Why? Sneezy Melon, What’s wrong with that?

  1. 1 Trackback(s)

  2. Jan 4, 2008: How to create Wordpress Blog « Myanmar Wordpress Directory

Post a Comment