Jan
11th

Wordpress အတွက် မရှိမဖြစ် … (၁)

Files under Wordpress | Posted by phpcrazy

How To Upgrade Wordpress in easy way …

 

Wordpress ကို ဘယ်လို Upgrade လုပ်မလဲဆိုတာကို အကူအညီတောင်းတဲ့ အတွက် ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ Wordpress ကို Upgrade လုပ်မယ်ဆိုရင် အရင်က Wordpress Backup လုပ်ရပါမယ်။ Database backup လည်းလုပ်ရပါမယ်။ အဲဒီအခက်အခဲတွေ အားလုံးကို တစ်ခါတည်း အလွယ်တကူ ဖြေရှင်းနိုင်အောင် လုပ်နိုင်တဲ့ နည်းတစ်ခုရှိပါတယ်။

အဲဒါကတော့ Wordpress plugin တစ်ခုကို plugin directory ထဲမှာ ကူးထည့်ပြီး Activate လုပ်ပေးလိုက်ပါ။ ပြီးရင် သူ့ကို ကလစ်နှိပ်ပြီး သူ့ instruction အတိုင်းလိုက်လုပ်ရင် အားလုံး အဆင်ပြေ နိုင်ပါတယ်။ ကျွန်တော်ကတော့ အခုမှစသုံးမယ့် သူတွေအတွက်ပါ ရည်ရွယ်ပြီး Plugin ကို ဘယ်လိုသွင်းမလဲဆိုတဲ့ အပိုင်းက စပြီး ဆွေးနွေးချင်ပါတယ်။

Wordpress Directory ကိုကြည့်မယ်ဆိုရင်

root

|— wp-content

| — plugins

ဆိုတဲ့ directory ရှိပါတယ်။ အဲဒီ Directory ထဲကို ကိုယ်သွင်းချင်တဲ့ plugin ကို သွင်းပေးရပါတယ်။ Hosting မှာ တင်မယ်ဆိုရင်တော့ zip ဖိုင်ကို တင်ပြီး ဖြည်လိုက်ရင် ဖြစ်ပါတယ်။ ftp တွေကနေ တင်မယ်ဆိုရင်တော့ (ဥပမာ - www.net2ftp.com) zip ဖိုင်ကို တင်လိုက်တာနဲ့ တစ်ခါတည်းဖြည် ပေးနိုင်ပါတယ်။ ကျွန်တော်တို့ Wordpress ကို Upgrade လုပ်ကြည့်ရအောင် ဗျာ။

ဒီကိုသွားပါ … http://wordpress.org/extend/plugins/wordpress-automatic-upgrade/ ပြီးရင် Plugin ကို ဒေါင်းလိုက်ပါ… Wordpress Plugin Directory ထဲကို ထည့်လိုက်ပါ။ ပြီးရင် Plugin Tab ကိုသွားပါ။

plugins.gif

ပြီးရင် Wordpress Automatic Upgrade ဆိုတာကိုရှာပြီး Activate လုပ်လိုက်ပါ ….

auto-upgrade.jpg
ကဲ ဒီတစ်ခါတော့ Upgrade လုပ်ဖို့ အသင့်ဖြစ်ပါပြီ …

wp-auto.jpg

Wordpress Automatic Upgrade ကို ကလစ်ခေါက်ပြီး သူညွှန်ကြားတဲ့ အတိုင်းလိုက်လုပ်လိုက်ရင် ကိုယ့် Wordpress ကို နောက်ဆုံးဗားရှင်းကို တစ်ခါတည်း မြှင့်ပေးသွားပါလိမ့်မယ် ….

  1. 1 Trackback(s)

  2. Jan 14, 2008: How to Upgrade Wordpress in easy way …1 « Myanmar Wordpress Directory

Post a Comment