Dec
27th

Wordpress အကြောင်း သောင်းပြောင်းထွေလာ (၂)

Files under Wordpress | Posted by thiha

Wordpress and Theme

Wordpress ကို ဆောက်တာတော့ဟုတ်ပါပြီ မြန်မာလိုလည်းရပါပြီ … ဒီဇိုင်းက အောက်လိုက်တာ ပြောင်းလို့မရတော့ ဘူးလား။ Template ချိန်းလို့မရဘူးလား။ ရပါတယ် Wordpree အတွက် Template တွေက အလကားရတာတွေလည်း အများကြီးရှိသလို ပိုက်ဆံပေးဝယ်ရတာ တွေလည်း အများကြီးရှိပါတယ်။ ဒီတော့ Template ကို ဘယ်လိုချိန်းမလဲ။ Template ချိန်းကြည့်ရ အောင်ဗျာ။ ကိုယ်စက်ထဲမှာ WAMP လည်း သွင်းပြီးပြီ။ Wordpress လည်း ထည့်ပြီးပြီ (ဘယ်လိုထည့်ရလဲ သိချင်တယ်ဆိုရင်တော့ ရှေ့ကပို့စ်တွေမှာ ဖတ်ကြည့်ပါ)။ ဒါဆိုရင်တော့ Template ကိုချိန်းလို့ရပါပြီ။ ဒီတော့ Wordpress အတွက် Directory ကို ဘယ်လို တည်ဆောက် ထားသလဲ ဆိုတဲ့ အပိုင်းကို အရင် ကြည့်ပါမယ်။

wordpressfolder.gif

Wordpress Folder တည်ဆောက်ပုံကတော့ ဒီလိုပုံစံပါ။ Theme တွေကိုတော့ wp-content -> themes အောက်မှာ ထားတတ်ပါတယ်။

ကဲနောက်ပြီး Theme ဖိုင်တစ်ခုရဲ့ ဖွဲ့စည်းပုံကို ကြည့်အောင်.. ဒီလိုဘာဖြစ်လို့ ကြည့်ဖို့လိုသလဲဆိုရင် တစ်ချို့Theme Folder တွေက Zip နှစ်ထပ်ဖြစ်နေတဲ့ အတွက် သတိထားလို့ ရအောင်ပါ။

themefolder.jpg

အပေါ်မှာပြထားတဲ့ ပုံထဲက အတိုင်း images folder တစ်ခု၊ 404.php, archive.php, comments.php, folder.php, functions.php, header.php, index.php, page.php, screenshot.png, searchform.php, sidebar.php, single.php, styles.css ဆိုပြီးပါ တတ်ပါတယ်။ ကိုယ့် Wordpress က Hosting ပေါ်မှာဆိုရင်တော့ ဒီလိုပါတဲ့ Directory ကို ဇစ်လုပ်ပြီး တင်ပေးဖို့လိုပါတယ်။ ကိုယ်စက်ထဲမှာ ဆိုရင်တော့ ဒီအတိုင်း ဇစ်ဖြည်လိုက်တာနဲ့တင် ရပါတယ်။

Wordpress Theme တွေ အလားကားရနိုင်တဲ့ Site တွေကတော့

www.wpthemesfree.com

themes.wordpress.net

စတဲ့ ဆိုက်တွေမှာ ဒေါင်းနိုင်ပါတယ်။ wp-content->themes folder ထဲကိုထည့်ပြီးပြီး ဆိုရင်တော့

wppresentation.jpg
Wordpress admin panel ကို ၀င်ပြီး Presentation -> Themes မှာ ကိုယ်တင်လိုက်တဲ့ Theme ရဲ့ ပုံပေါ်မှာ ကလစ်လုပ်လိုက်တာနဲ့ ပြောင်းပြီးသားဖြစ်သွားပါလိမ်မယ် .. ဒါပေမယ့် မြန်မာလို ဖြစ်ချင်တယ် ဆိုရင်တော့ အရင်ပို့စ်မှာ ပြောခဲ့တဲ့ အတိုင်း CSS တွေကို ပြန်ပြင်ပေးဖို့ လိုပါတယ်ခင်ဗျာ …

 

 

  1. 1 Trackback(s)

  2. Jan 4, 2008: About Wordpress-2 « Myanmar Wordpress Directory

Post a Comment