DISABLE INDEXING SERVICES (Indexing Services များကို ပိတ်လိုက်ပါ)
Indexing Services တွေဟာ Program အနေနဲ့ သေးငယ်ပေမယ့် RAM ကို အများကြီး အသုံးပြုရပါတယ်။ တစ်ခါတစ်ရံမှာ ကွန်ပျူတာက indexing services တွေကြောင့် တစ်ချိန်လုံး ဆူညံနေတတ်ပါတယ်။ indexing services တွေက ဘာတွေလုပ်ပေးသလဲဆိုတော့ system process indexs တွေ၊ files အားလုံးရဲ့ ပြင်ဆင်တည်းဖြစ်တဲ့ အခါတိုင်းအတွက် update lists တွေကို ဖိုင်တစ်ခုနဲ့ သိမ်းဆည်းပေးထားပါတယ်။ သင့်အနေနဲ့ ကွန်ပျူတာမှာ တစ်ခုခုကို ရှာတော့မယ်ဆိုရင် index lists တွေထဲကနေ ရှာပေးတဲ့အတွက် ရှာရတာ ပိုမြန်စေပါတယ်။ သင့်အနေနဲ့ သင့်ကွန်ပျူတာမှာ ရှာဖွေရေး သိပ်မလုပ်ဖူး၊ တစ်ခါတစ်လေမှ ရှာစရာလိုတယ်ဆိုရင် ဒီစနစ်ကို မလိုအပ်ပါဘူး။ ဒီတော့ အောက်က Step အတိုင်း ပိတ်လိုက်ပါ။
- Start ကိုသွားပါ
- Control Panel ကိုရွေးပါ
- Add/Remove Programs ကို ကလစ်နှစ်ချက်ခေါက်ပါ
- Add/Remove Window Components ကို ကလစ်ခေါက်ပါ
- Indexing services ကို uncheck (မရွေးတော့တာ) လုပ်ပါ
- ပြီးရင် Next နှိပ်လိုက်ပါ ..
OPTIMISE DISPLAY SETTINGS(Display Setting ကို ပြင်ပါ)
WindowsXP မှာ Display Settings တွေကို ပြင်ခြင်းအားဖြင့် သုံးရတာ ပိုမြန်လာတတ်ပါတယ်၊ စက်အနိမ့်တွေမှာ WindowsXP တင်သုံးချင်တယ် ဆိုရင်တော့ ဒီနည်းလေးကို သိဖို့လိုပါတယ်။
- Start ကိုသွားပါ
- Control Panel ကို ကလစ်ခေါက်ပါ
- System ကိုကလစ်ခေါက်ပါ
- Advanced tab ကို ကလစ်ခေါက်ပါ
- Performance tab မှာ Settings ကို ကလစ်ခေါက်ပါ
- အောက်မှာပြထားတာတွေကို ချန်ထားပါ
- - Show shadows under menus
- - Show shadows under mouse pointer
- - Show translucent selection rectangle
- - Use drop shadows for icons labels on the desktop
- - Use visual styles on windows and buttons
DISABLE PERFORMANCE COUNTERS (Performance Counters များကို ပိတ်ပစ်ပါ)
WindowsXP အနေနဲ့ PC ရဲ့ Performance(လုပ်ငန်း) များကို အမြဲတမ်း စောင့်ကြည့်တဲ့ Utility တစ်ခုရှိပါတယ်။ ထို Utility ကို ပိတ်လိုက်ခြင်းဖြင့် စက်ကိုပိုမြန်လာ စေပါတယ်။
ဒီနေရာမှာ Extensible Performance Counter ကိုဒေါင်းလိုက်ပါ
ပြီးရင် စက်ထဲကို သွင်းလိုက်ပါ
Run မှာ “C:\Program Files\Resource Kit\exctrlst.exe” လို့ရိုက်ပြီး run လိုက်ပါ
ပြီးရင် Performance Counter Enabled ကို uncheck လုပ်လိုက်ပါ၊ ပြီးရင် Refresh လုပ်ပြီး ပိတ်လိုက်ပါ
SPEEDUP FOLDER BROWSING (Folder Browsing လုပ်တာကို မြန်စေဖို့)
My Computer ကို ဖွင့်လိုက်တဲ့ အချိန်တိုင်း အနည်းငယ် ကြာတတ်တာကို သင်သတိထားမိ ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Windows XP အနေနဲ့ network files နဲ့ Printers တွေကို Windows Explorer ကိုဖွင့်တိုင်း အလိုအလျောက် ရှာနေလို့ပါပဲ။ ဒီလိုရှာနေတာကို ပြင်လိုက်မယ်ဆိုရင် Browsing Speed မြန်လာပါလိမ့်မယ်။
- My Computer ကိုဖွင့်ပါ
- Tools menu ကို ကလစ်ခေါက်ပါ
- Folder Options ကိုရွေးပါ
- View tabကိုသွားပါ
- Automatically search for network folders and printers check box ကို uncheck လုပ်ပါ
- Apply ကိုနှိပ်ပါ
- Ok ကိုနှိပ်ပါ
- Computer ကို reboot လုပ်ပါ
By phyomg on Apr 24, 2008 | Reply
thank you brother
can you reply another item
i am waiting your answer
By dragon on May 31, 2008 | Reply
thankyou !!
By Salai H.Tantthe on May 31, 2008 | Reply
My computer has lost folder option in tool menu bar
How will I find it again
By eve's kglay on Aug 2, 2008 | Reply
အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ