Sep
11th

Num Lock ကိုအမြဲတမ်းဖွင့်ထားရအောင်

Files under WindowsXP | Leave a Comment

သင့်ကွန်ပျူတာထဲက Num Lock ကို အမြဲတမ်းလင်းအောင်လုပ်လို့ရပါတယ်။
အရမ်းခက်ခက်ခဲခဲကြီးတော့မဟုတ်ပါဘူး။နည်းနှစ်နည်းနဲ့ လုပ်လို့ရပါတယ်။
Registery Editor ကို သုံးမယ်ဆိုရင် …အရင်ဆုံး Window Key+ R နှိပ်ပြီး  Regedt32 လို့ရိုက်လိုက်ပါ။ Registry Editor Box ပေါ်လာရင်  HKEY_USERS\Default\Control Panel\Keyboard ကိုသွားပြီး InitialKeyboardIndicators ကို တန်ဖိုး ၀ ကနေ ၂ ကိုပြောင်းလိုက်ပါ။ပြီးပြီဆိုရင်တော့ restart ချလိုက်ပါ။Window ပြန်တက်လာရင် NUM LOCK ဟာအမြဲတမ်းဖွင့်နေမှာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ script ရေးနည်းပါ။ Notepad ကိုဖွင့်ပြီး
“   set WshShell = CreateObject(”WScript.Shell”)
WshShell.SendKeys “{NUMLOCK} ”
ကို ရိုက်ပြီး ” num.vbs ” လို့ save မှတ်ထားပါ။ ပြီးရင်အဲဒီ File ကို Documents and Settings\All Users\Start Menu\Programs\Startup မှာသွားထားပါ။
ပြီးရင် restart ချလိုက်ပါ။ NUM LOCK က window ပြန်တက်လာရင်အမြဲတမ်းလင်းနေမှာပါ။