ကိုယ့် Program မှာတွဲသုံးဖို့ Third party Dll file တွေကို Register လုပ်ရန်အတွက် DOS Mode ကနေသွားသွားလုပ်နေရတာ တစ်ခါတစ်ခါ command မေ့နေရင်တို့၊ နောက်က parameter မေ့နေရင်တို့ သိပ်အလုပ်မတွင်လှဘူးပေါ့ .. ဒီတော့ DLL File လေးကို mouse နဲ့ Right click ခေါက် ၊ ပေါ်လာတဲ့ menu မှာရွေးပြီး Register လုပ်လို့ရရင် ကောင်းမှာပေါ့ဗျာ၊
Registry မှာ နဲနဲ ပြင်ပေးလိုက်ယုံနဲ့ menu လေးပေါ်လာမယ်ဗျား … တဆင့်ခြင်းစီကတော့ ဒီလိုပါ.
လိုခြင်တာက Registry မှာဒီလို ဆောက်ခြင်တယ် .. ပထမဆုံး Run box ကနေ Regedt32 လို့ရိုက် Enter ခေါက် (သို့) OK ကို click ခေါက်ပါ။
Registry Editor ပေါ်လာရင် HKEY_CLASSES_ROOT ကိုသွားပါ၊
အဲဒီအောက်ကမှ dllfile ဆိုတဲ့ sub key တစ်ခု တွေ့အောင်ရှာပါ၊ အဲဒီ dllfile ဆိုတဲ့ sub key အောက်မှာ shell ဆိုတဲ့ sub key တစ်ခု ထပ်ဆောက်ပါမယ်၊ ရှိပြီးသားဆို ဆောက်စရာမလိုပေါ့ဗျာ။ ဆောက်ရမယ်ဆိုရင်တော့ dllfile ဆိုတဲ့ sub key အပေါ်မှာ right click ခေါက် -> menu ပေါ်လာရင် New -> Key လို့ရွေးပြီး စာရိုက်စရာ လေးပေါ်လာရင် အဲဒီနေရာမှာ shell လို့ရိုက်လိုက်ပါ၊
အဲဒီ shell sub key အောက်မှာ Regsvr32 ဆိုတဲ့ sub key တစ်ခု ထပ်ဆောက်မယ်၊ ပြီးရင် Regsvr32 ဆိုတဲ့ sub key အောက်မှာ command ဆိုတဲ့ sub key ထပ်ဆောက်မယ်၊ အဲလိုဘဲ shell ဆိုတဲ့ sub key အောက်မှာ UnRegsvr32 -> command ဆိုတဲ့ sub key တွေ ဆက်ဆောက်မယ်။ အားလုံးပြီးသွားရင် ဒီလိုဖြစ်နေရမယ်ပေါ့နော် ..။
အဲဒီအခါမှ Regsvr32 ->command ကိုရွေး ၊ ညာဘက်မှာ ပေါ်လာတဲ့ key value အပေါ်မှာ Right Click ခေါက် Modify ကိုရွေး ပြီးရင် ပေါ်လာတဲ့ Dialogue Box မှာ Value data text box မှာ “regsvr32.exe” %1 လို့ ရိုက်ပါ၊ OK နှိပ်ပါ။
နေက်တစ်ခါမှာ UnRegsvr32 ->command ကိုရွေး ၊ ညာဘက်မှာ ပေါ်လာတဲ့ key value အပေါ်မှာ Right Click ခေါက် Modify ကိုရွေး ပြီးရင် ပေါ်လာတဲ့ Dialogue Box မှာ Value data text box မှာ “regsvr32.exe” /u %1 လို့ ရိုက်ပါ၊ OK နှိပ်ပါ။
ဒါဆိုအားလုံးလုပ်ပြီးသွားပါပြီ။ Registry ထဲကထွက်ပြီး Windows Explorer ထဲကိုဝင် ကိုယ် register လုပ်ခြင်တဲ့ DLL ကိုရှာ Right click ခေါက်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း အပေါ်ဆုံးမှာ Regsvr32 နဲ့ unregsvr32 ဆိုပြီး menu နှစ်ခု ပေါ်လာပါမည့် အကြောင်း၊ Regsvr32 ကို နှိပ်လိုက်ရင် Registry မှာ register လုပ်ပေးပြီးတော့ unregsvr32 ကိုနှိပ်ရင်တော့ unregister လုပ်ပေးမှာဖြစ်ပါတယ်၊ အောင်မြင်ကြပါစေဗျာ။
By ooster on Apr 2, 2008 | Reply
RegEdit နဲ့ RegEdit32နဲ့ ကွာခြားချက် တွေရှိခဲ့ရင်လည်း သိချင်ပါတယ်။
By MrDBA on Apr 6, 2008 | Reply
အသေးစိတ်ကို ဒီမှာဘဲ သွားဖတ်လိုက်ပါနော်
http://support.microsoft.com/kb/141377
By ရဲလင်း on May 15, 2008 | Reply
dll ဖိုင်တွေရဲ့လုပ်ဆောင်ချက်များနဲ့ သူ့ကိုဘာလို့Register လုပ်ရတယ်ဆိုတာကို သိချင်ပါတယ်။ gmail နဲ့ပဲဖြေပေးပါအုံးဗျာ။
ကျေးဇူးတင်ပါတယ်။
By ko aung on May 23, 2008 | Reply
Thanks for your post,
it is very well.BUT
dll ဖိုင်တွေရဲ့လုပ်ဆောင်ချက်များနဲ့ သူ့ကိုဘာလို့Register လုပ်ရတယ်ဆိုတာကို သိချင်ပါတယ်။ gmail နဲ့ပဲဖြေပေးပါအုံးဗျာ။
That is right.
i cannot type myanmar fonts.so i copy above text.please forgive me .i also why we need to register dll files.I believe you must have reason.
please explain to me.i wait your reply
By MrDBA on May 26, 2008 | Reply
ဘယ်လိုပြောရမလဲပေါ့နော် …
နားလည်လွယ်အောင် အလွယ်ပြောရရင်တော့ကာ
software တွေရေးကြတဲ့အခါ သူသူကိုယ်ကိုယ် Library ဖိုင်တွေရေးကြလိမ့်မယ်ပေါ့နော်
အဲဒီအခါမယ် Class name တူချင်လဲတူနေမယ်၊ function name တွေလဲ တူချင်တူနေလိမ့်မယ်ပေါ့။
ဆိုတော့ကာ ၀င်းဒိုးစနစ်ကြီးက ကိုင်တွယ်တဲ့အခါ နာမည်တူနေရင် အကုန်ခက်ကုန်မှာမို့
သူ့ကို ၀င်းဒိုး registry မှာ သီးခြား class Id ပေးဖို့လိုလာတယ်ပေါ့လေ
အဲဒီအတွက်ကြောင့်မို့လို့ Library ဖိုင်တွေသုံးချင်တဲ့အခါ Registry မှာ မှတ်ပုံတင်ပေးရချင်း ဖြစ်ပါကြောင်း။
နားလည်ထားသလောက် ပြောပြရပါပေတယ်။