Dec
10th

တကယ့်ဂျင်းဘောင်းဘီစတိုင်

Files under Photoshop | Posted by nyiminthant

ဒီ tutorial ကတော့ တကယ့် ဂျင်းဘောင်းဘီ စတိုင်အတိုင်း photoshop နဲ့ ဆွဲဖို့ဖြစ်ပါတယ်။

အဆင့်(၁)

background color ကို #1E497E ထားပြီး 6″x10″ ရှိ RGB Mode, 150 dpi ရှိတဲ့ photoshop ဖိုင်တစ်ခုဖွင့်ပါ။

အဆင့်(၂)

Layer အသစ်တစ်ခုထည့်ပါ။ ပြီးလျှင် Shift + Backspace ကို နှိပ်ပြီး Fill Dialog ပေါ်လာလျှင်

Content -> Use -> 50% gray ရွေးပါ။ ပြီးလျှင် OK နှိပ်ပါ။

“D” ကို နှိပ်ပြီး Backgroud/Foreground Color များကို reset နဂိုမူရင်းအတိုင်းထားလိုက်ပါ။

denim-01-preview.jpg

အဆင့်(၃)

Filter Menu ကိုဖွင့်ပြီး

Sketch -> Halftone Pattern ကိုရွေးပြီး Dialog ပေါ်လာလျှင် အောက်ပါအတိုင်းထည့်ပါ။

Size:1 | Contrast: 0 | Pattern Type: Line

ပြီးလျှင် OK နှိပ်ပါ ..

denim-02-preview.jpg

Filter Menu ကိုဖွင့်ပါ

Pixelate -> Mezzotint ကိုရွေးပြီး Type ကို Fine Dots ကိုရွေးပါ။ ပြီးလျှင် OK နှိပ်ပါ။

အဆင့် (၄)

Layer ကို Duplicate လုပ်ပါ။ ပြီးလျှင် Ctrl + D ကို နှိပ်ပြီး Free Transform Mode ကို ၀င်ပါ။ ပုံမှာပြထားတဲ့ အတိုင်း 45° ရအောင် နာရီလက်တံအတိုင်း လှည့်ပါ။ Shift Key ကို နှိပ်ပြီး အပေါ် အောက်ချဲ့ပါ။ ပုံမှာပြထားတဲ့ ဆိုက်အထိ ရအောင်ချဲ့ပါ။

denim-04-preview.jpg

အဆင့်(၅)

Ctrl + A ကိုနှိပ်ပါ၊ ပြီးရင် Image Menu က Crop ကိုရွေးလိုက်ပါ။ Select လုပ်ထားတာကို ဖျက်ဖို့အတွက် Ctrl + D ကို နှိပ်လိုက်ပါ။

ပြီးရင် Filter Menu ထဲက

Blur -> Gaussian Blur ကိုရွေးပါ။ Radius -> 1.0 ရွေးလိုက်ပါ။

အဆင့်(၆)

Layer 1 ရဲ့ Blend Mode ကို Soft Light လို့ပြောင်းပြီး Layer 2 ရဲ့ Blend Mode ကို Multiply သို့ပြောင်းလိုက်ပါ။ အောက်မှာ ပြထားတဲ့ ဂျင်းဘောင်းဘီ ဒီဇိုင်းရလာပါမယ်။

denim-05.jpg

အဆင့်(၇)

တစ်စနဲ့ တစ်စ ထပ်ပြီးချုပ်ထားတဲ့ ပုံစံကို လိုချင်တဲ့အတွက် နောက်တစ်စဆွဲရပါမယ်။ Layer အသစ် တစ်ခုထပ်ထည့်ပါ။ ပြီးရင် Lasso Tool ကို သုံးပြီး ပုံပါအတိုင်း Selection လုပ်ပါ။ သဘာဝအတိုင်းဆိုတော့ တစ်ဖြောင့်တည်း ဖြစ်စရာမလိုပါ။ ပြီးရင် Shift+backspace နှိပ်ပြီး 50%gray ကိုရွေးပါ။ ပြီးရင် ဒီ Layer ရဲ့ Blend Mode ကို Hard Light ကို ပြောင်းပေးပါ။

denim-06-preview.jpg

အဆင့်(၈)

Layer 2 (နောက်ဆုံးထည့်လိုက်တဲ့ Layer) ပေါ်မှာ Right Click လုပ်ပါ။ ပြီးရင် Blending Option ကိုရွေးပြီး Layer Style Dialog ပေါ်လာ အောင်လုပ်ပါ။ ပြီးရင် အောက်မှာပြထားတဲ့ ပုံထဲက အတိုင်း Drop Shadow ကို ရွေးပြီး တန်ဖိုးတွေကို ထည့်ပါ။

blending-option.jpg

အဲဒီအထဲမှာပဲ Bevel and Emboss ကိုရွေးပြီး အောက်မှာ ပြထားတဲ့ Setting အတိုင်းထည့်ပါ။

Depth: 300%
Size: 9px
Soften: 4px;
Angle: -8o
Altitude: 53o
Highlight Mode Opacity (at the bottom): 47%
ပြီးရင် Ctrl + T ကို ရွေးပြီး ပုံမှာ ပြထားတဲ့ အတိုင်း အနည်းငယ်ကြီးသွား အောင်လုပ်ပါ။

denim-08-preview.jpg

အောက်က ပုံစံဖြစ်သွားပါမယ် …

denim-09.jpg

အဆင့်(၉)

မပြီးသေးပါဘူး။ ဆက်လုပ်စရာလေးတွေရှိ ပါသေးတယ်။

အစစ်နဲ့ ပိုပြီးတူအောင် Dodge and Burn Tool တွေကို သုံးပြီး အောက်မှာပြထားတဲ့ ပုံစံအတိုင်း ဖြစ်အောင် ဆွဲဖို့လိုပါသေးတယ်။

Dodge Tool ကိုရွေးပါ။ အပေါ်ဖက်မှာရှိတဲ့ Option Bar မှာ

Brush Size -> 50px

Range to Midtones and Exposure -> 15%

ပြီးရင် ထပ်ထားတဲ့ လိုင်းတစ်လျောက် ပုံပါအတိုင်း ဖြစ်အောင် ဆွဲပေးပါ။

Burn Tool ကိုရွေးပါ။ Option Bar မှာ

Brush Size -> 50px

Range to Shadow and Exposure -> 20%

ပြီးရင် နဂိုဆွဲထားတဲ့ လိုင်းတစ်လျောက် ကပ်လျှက် ဆွဲပေးပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်းဖြစ်လာပါမယ်။

denim-10.jpg

အဆင့်(၁၀)

ဒီတစ်ခါတော့ ချုပ်ရိုးကြောင်း ဆွဲမှာ ဖြစ်ပါတယ်။ အဲဒီလိုဆွဲဖို့အတွက် ဖိုင်အသစ်တစ်ခုကို အောက်ပါအတိုင်းဖွင့်ပါ။

size - 1″ x 1″

dpi - 100dpi

ပြီးရင် Layer အသစ်တစ်ခု ယူလိုက်ပါ။ Rounded Rectangle Tool ကိုရွေးပြီး လိုင်းအသေးလေး တစ်ခုဆွဲလိုက်ပါ။ Layer Toolbox မှာ အခုဖွင့်ထားတဲ့ Layer ပေါ်မှာ Ctrl + Click လုပ်လိုက်ပါ။ Object ကို Selection လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

menu Edit ->  Define Brush Preset ကိုရွေးပါ။ ပြီးရင် နာမည်တစ်ခု ပေးပြီး OK နှိပ်ပါ။

denim-11-preview.jpg

ပြီးရင် အခုဖွင့်ထားတဲ့ Document ကို Save မလုပ်ပဲ ပိတ်လိုက်ပါ။

အဆင့်(၁၁)

ပြီးရင် အရင်ဆွဲနေတဲ့ ပုံဖက်ကို ပြန်သွားပါ။ Brush Tool ကိုရွေးပါ။ Brush Pallete  ကိုဖွင့်ပြီး အသစ်လုပ်ထားတဲ့ Brush ကိုရွေးပါ။

Brush Tip Shape -> Tip Diameter -> 63px ကိုထည့်ပြီး Spacingကို တိုးပေးပါ။ လိုင်းအသေးလေးတွေ ချုပ်ရိုးပုံစံ ဖြစ်လာတဲ့ အထိ အနည်းငယ် ချဲ့ပေးပါ။

Shape Dynamics ကို ကလစ်ခေါက်ပြီး ဒီတန်ဖိုးတွေကို ထည့်ပါ။

Size Jitter: 10%,Control: Off

Angle Jitter: 1%. Control: Direction

denim-12-preview.jpg

နောက်ထပ် Layer အသစ်တစ်ခု ထပ်ဖွင့်ပါ။ အသစ်လုပ်ထားတဲ့ Brush နဲ့ အ၀ါရောင် ချုပ်ရိုးနှစ်ကြောင်းကို ပုံမှပြထားတဲ့ အတိုင်း ဆွဲပေးပါ။

ပြီးရင် အသစ်ဖွင့်ထားတဲ့ Layer ကို Layer Toolbox မှာ right click နှိပ်ပြီး Blending Options ကိုရွေးပါ။ Bevel and Emboss က ရွေးပြီး တစ်ခြားဘာမှ မပြောင်းပဲ OK နှိပ်လိုက်ပါ။

denim-13.jpg

အဆင့်(၁၂) 

နောက်ဆုံးအဆင့်အနေနဲ့ ပိုပြီး ပီပြင်သွားအောင်လုပ်ပါမယ်။

Layer အသစ်တစ်ခု ဖွင့်လိုက်ပါ။  Shift + Backspace နှိပ်ပြီး 50% gray ကို ထပ်ဖြည့်ပါ။ ပြီးရင် Blending Mode -> Color Dodge ကိုပြောင်းပါ။ ပြီးရင် Dodge နဲ့ Burn Tool တွေကို သုံးပြီး ပုံမှာ ပြထားတဲ့အတိုင်း ဖြစ်အောင် ဆွဲပေးပါ။

denim-14.jpg

ကဲဂျင်းဘောင်းဘီနဲ့ တော်တော်တူသွားပါပြီ။ ဒါကတော့ ကျွန်တော်ဆွဲကြည့်ထားတာပါ။

mycreation.jpg

ဒီ Tutorial ကို 9tutorials.com ကယူပါတယ်။

အဆင်မပြေတာရှိရင် မှတ်ချက်ရေးပြီး မေးနိုင်ပါတယ် ….

Post a Comment